ငဖဲ မြို့နယ်၌ ရက် ၁၀၀ စီမံချက်ဖြင့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု သဘာဝမြေဩဇာနှင့် EM ဖျော်ရည်ပြုလုပ်နည်းသင်တန်း ဆင်းပွဲ ကျင်းပ
ငဖဲ မေ ၁၅
သမဝါယမ နှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ၊ မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်း များရရှိစေရန်၊ဝင်ငွေတိုး လုပ်ငန်းများ ပိုမိုတွင်ကျယ်စွာ လုပ်ကိုင်လာနိုင်စေရန် နှင့် ကျွမ်းကျင်လုပ်သားများပေါ်ပေါက်စေရန် ရည်ရွယ်၍ ၂၀၂၆ -၂၀၂၇ ခု ဘဏ္ဍာ နှစ် ရက် ၁၀၀ စီမံချက်ဖြင့် အသက်မွေး ဝမ်းကျောင်းအထောက် အကူပြု သဘာဝမြေဩဇာနှင့် EM ဖျော်ရည်ပြုလုပ်နည်းသင်တန်း ဆင်းပွဲ အခမ်းအနားကို မေလ ၁၄ ရက်နေ့ ညနေပိုင်း က ပန်းထိမ်း ကျေးရွာ ဘက်စုံသုံးခန်းမဆောင်၌ ကျင်းပသည်။
ရှေ့ဦးစွာ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအောင်နိုင်လင်း က အဖွင့်အမှာစကား ပြောကြားပြီး ငဖဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီး ဒေါ်ငုဝါရွှေ က မိမိတို့၏ စိုက်ပျိုးရေး လုပ်ငန်းများတွင် သဘာဝမြေဩဇာများကို သုံးစွဲသည့် အလေ့အထ ဖြစ်ပေါ်စေရန်နှင့် ကျွမ်းကျင်လုပ်သားများ ပေါ်ပေါက်လာပြီး လူမှု စီးပွားဘဝဖွံ့ ဖြိုးတိုးတက်စေရေးအတွက် သင်တန်းမှ ပို့ချသောသင်ခန်းစာများကို လက်တွေ့နယ်ပယ်တွင် အသုံးချစေလိုကြောင်း ၊ သင်တန်းသာ၊ သင်တန်းသူများအနေဖြင့် လက်တွေ့နယ်ပယ်တွင် ဆောင်ရွက်ရာ၌ အခက်အခဲ တစ်စုံတစ်ရာ ရှိပါက သင်တန်းဆရာထံသို့ အချိန်မရွေးဖုန်းဆက်နိုင်ကြောင်း ဆွေးနွေးပြောကြားခဲ့ပြီး
တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအောင်နိုင်လင်း က ဆုရရှိသည့် သင်တန်းသား၊သင်တန်းသူများကို ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့သည်။
ထိုနောက် ငဖဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီး ဒေါ်ငုဝါရွှေ က က သင်တန်းသား၊သင်တန်းသူ များကို သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့သည်။
အဆိုပါ သင်တန်းဆင်းပွဲ အခမ်းအနားသို့ မဲဆန္ဒနယ်အမှတ်(၁)တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ကျေးရွာ အုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖများ နှင့် သင်တန်းသား၊ သင်တန်းသူ ၂၀ ဦး တက်ရောက်ကြကာ သင်တန်းကာလမှာ မေလ ၁၂ ရက်မှ မေလ ၁၄ ရက်ထိ ၃ ရက်ကြာ စာတွေ့လက်တွေ့ဖြင့် အခမဲ့ သင်ကြား ပို့ချခဲ့ကြောင်း ငဖဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ငုဝါရွှေ ထံမှ သိရသည်။
ဇင်မာ
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်