Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

တောင်ငူမြို့နယ် ခပေါင်းတိန်ကျေးရွာ၌ ဆပ်ပြာ ခေါင်းလျှော်ရည်သင်တန်းဖွင့်လှစ်သင်ကြား‌နေမှုစစ်ဆေး


15 May,2026

တောင်ငူမြို့နယ် ခပေါင်းတိန်ကျေးရွာ၌ ဆပ်ပြာ ခေါင်းလျှော်ရည်သင်တန်းဖွင့်လှစ်သင်ကြား‌နေမှုစစ်ဆေး
=====================================
တောင်ငူ၊ မေ-၁၅
 
   သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့ နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မှ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် ရက် ၁၀၀ စီမံ ချက်ဖြင့် ဆင်ဆိပ်ကျေးရွာအုပ်စု၊ ခပေါင်းတိန် ကျေးရွာ၌ အသက်မွေးဝမ်းကျောင်းအထောက်အ ကူပြု ဆပ်ပြာခေါင်းလျှော်ရည်သင်တန်းဖွင့်လှစ် သင်ကြားနေမှုအခြေအနေများကို တာဝန်ရှိသူများ မှ ယနေ့နံနက်ပိုင်းအချိန်က ကွင်းဆင်းစစ်ဆေးကြ ကြောင်းသိရသည်။
      ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ကျေးလက်ဒေသဖွံ့ဖြိုး‌တိုးတက်ရေးဦးစီးဌာန(ရုံးချုပ်)မှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးစိုးသန်း၊ ပဲခူးတိုင်း ဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးသန့်ဇင်မျိုး၊ တောင်ငူခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်‌ရေး ဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးမောင်‌မောင်နိုင်မင်းနှင့် ဝန်ထမ်းများမှ ခပေါင်းတိန်ကျေးရွာ၌ အသက်မွေး ဝမ်းကျောင်းအထောက်အကူပြု ဆပ်ပြာ၊ခေါင်း လျှော်ရည်သင်တန်းဖွင့်လှစ်သင်ကြားနေမှု အခြေ အနေများကို ကြည့်ရှု့စစ်ဆေးကြပြီးနောက် ဒုတိ ယညွှန်ကြားရေးမှူးချုပ်က သင်တန်းသူများနှင့်တွေ့ဆုံကာ မိသားစုအတွက်အပိုဝင်ငွေရှာဖွေပေးနိုင်သည်အထိကြိုးစားသင်ယူကြရန်နှင့် အလုပ်အ ကိုင်အခွင့်အလမ်းနှင့် ရင်းနှီးမတည်ငွေများရရှိ ရေးဆောင်ရွက်ပေးမည်အခြေအနေများကို ဆွေး နွေးပြောကြားခဲ့ကြောင်းသိရသည်။
   တောင်ငူမြို့နယ် ခပေါင်းတိန်ကျေးရွာ၌ နိုင်ငံ တော်ထောက်ပံ့ရန်ပုံငွေကျပ် ၂ ဒဿမ ၁၇၈ သန်းအသုံးပြုပြီး အသက်မွေးဝမ်းကျောင်းအထောက် အကူပြု ဆပ်ပြာ၊ ခေါင်းလျှော်ရည်သင်တန်းကို ဖွင့်လှစ်သင်ကြားနေခြင်းဖြစ်ကြောင်း၊ ခပေါင်းတိန်ကျေးရွာနှင့်အနီးပတ်ဝန်းကျင်ကျေးရွာများမှ သင်တန်းသူ(၂၀)ဦးတက်ရောက်ကြောင်း၊ ဆပ်ပြာခေါင်းလျှော်ရည်နှင့်ပတ်သက်၍ ကျွမ်းကျင်နည်း ပြဆရာမများက ၂၀၂၆ ခုနှစ် မေလ ၁၂ ရက်နေ့မှစတင်ပြီး ၅ ရက်ကြာ စာတွေ့လက်တွေ့နှစ်မျိုးဖြင့် အခမဲ့သင်ကြား‌ပေးနေခြင်းဖြစ်ကြောင်း တောင်ငူ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနမှ ခရိုင်ဦးစီးမှူး ဦးမောင်မောင်နိုင်မင်းထံမှ သိရသည်။
ကိုညို(ကျေးလက်)


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်