Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဝေါမြို့နယ် ဖက္ကလိပ်ကျေးရွာ၌ မြစိမ်းရောင်ကျေး ရွာစီမံကိန်းမှချေးငွေများထုတ်‌ချေးပေး


18 May,2026

ဝေါမြို့နယ် ဖက္ကလိပ်ကျေးရွာ၌ မြစိမ်းရောင်ကျေး ရွာစီမံကိန်းမှချေးငွေများထုတ်‌ချေးပေး
=====================================
ဝေါ၊ မေ-၁၇
 
   သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်ကျေး လက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဖက္ကလိပ်ကျေးရွာ၌ သတ္တမအကြိမ်မြောက်မြစိမ်း ရောင်‌ကျေးရွာစီမံကိန်းအရင်းမပျောက်လည်ပတ်ရန်ပုံငွေများပြန်လည်ထုတ်ချေးပေးခြင်းကကို ယနေ့နံနက်ပိုင်းအချိန်က အဆိုပါကျေးရွာများ၌ ဆောင်ရွက်ကြောင်းသိရသည်။
    ရှေးဦးစွာ ဝေါမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မြို့နယ်ဦးစီးမှူး ဒေါ်ငြိမ်းငြိမ်းအိမှ မြစိမ်းရောင်ကျေးရွာစီမံကိန်းဖြင့်ကျေးလက်နေပြည်သူများဆင်းရဲမှုလျော့ကျစေရန်နှင့် တစ်နိုင်တစ်ပိုင်စိုက်ပျိုးရေး၊မွေးမြူရေးနှင့်တခြားစီးပွားရေးလုပ်များဆောင်ရွက်နိုင်စေရန်ရည်ရွယ်၍ထုတ်ချေးပေးခြင်းဖြစ်ကြောင်း၊ စီမံ ကိန်းဆောင်ရွက်ခြင်းဖြင့်ရရှိလာမည့်အကျိုး ကျေးဇူးများ၊ စီမံကိန်းလုပ်ငန်းစဉ်အကြောင်းအရာများ၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဥပဒေ၊ နည်းဥပဒေပါ ကျေးလက်နေပြည်သူများ၏ တာ  ဝန်နှင့်ခံစားခွင့်များ၊ ပြစ်မှု၊ ပြစ်ဒဏ်များကိုရှင်း လင်းပြောကြားသည်။
      ဆက်လက်၍ စီမံကိန်းတာဝန်ခံဝန်ထမ်းက စီမံ ကိန်းစက်ဝန်းကာလနှင့်အတိုးနှုန်းသတ်မှတ်ချက်များ၊ ချေးငွေထုတ်ချေးပေးရာတွင်လိုက်နာရမည့် စည်းကမ်းသတ်မှတ်ချက်များကို ရှင်းလင်းပြောကြားပြီးနောက် မြို့နယ်ဦးစီးမှူးက စီမံကိန်းရန်ပုံ‌ ငွေကျပ် ၅၄ ဒဿမ ၉၀ သန်းကိုလွှဲပြောင်းပေး အပ်သည်။
     ထို့နောက် မြို့နယ်ဦးစီးမှူးနှင့် စီမံကိန်းတာဝန်ခံဝန်ထမ်းများ၏ကြီးကြပ်မှုဖြင့် မြစိမ်းရောင်‌ကျေး ရွာစီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များက ဖက္ကလိပ်ကျေး ရွာရှိ စိုက်ပျိုးရေးလုပ်ငန်းဆောင်ရွက်သူ ၉၃  ဦး၊ မွေးမြူရေးလုပ်ငန်းဆောင်ရွက်သူ ၃၆ ဦး၊ စုစု ပေါင်းအသင်းသားအသင်းသူ ၁၂၉ ဦးကို သတ္တမ အကြိမ်မြောက်မြစိမ်းရောင်ကျေးရွာစီမံကိန်းအ ရင်းမပျောက်လည်ပတ်ရန်ပုံငွေကျပ် ၅၄ ဒဿမ ၉၀ သန်းကို အတိုးနှုန်းသက်သာစွာဖြင့်ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
ကိုညို(ကျေးလက်)


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်