Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မန္တလေးတိုင်းဒေသကြီး သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူး ဦးထွန်းဇော်ဦး နိုင်ငံ့စီးပွား မြှင့်တင်ရေး ရန်ပုံငွေဖြင့် စိုက်ပျိုးထားသော နွေစပါးစိုက်ခင်းအား ကွင်းဆင်းကြည့်ရှု


18 May,2026

ကျောက်ဆည် မေ ၁၈

မန္တလေးတိုင်းဒေသကြီး သမဝါယမဦးစီးဌာနမှ ညွှန်ကြားရေးမှူးဦးထွန်းဇော်ဦးသည် ရက်(၁၀၀)စီမံချက်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးထားသော ကျောက်ဆည်မြို့နယ် ရွှေလေးကျေးရွာ ရွှေလေးစိုက်ပျိုးရေးနှင့် အထွေထွေသမဝါယမအသင်း အသင်းသားတောင်သူ ဦးဝင်းသိန်း၏ ကွင်းအမှတ်(၁၃၇/က)၊ ဦးပိုင် အမှတ်(၁၀/၁)တွင် စိုက်ပျိုးထားသော ရွှေမနော် နွေစပါးစိုက်ခင်း ၅ ဧက၌ ပေါင်းနုတ်ခြင်း၊ တမန်းနိုးခြင်း၊ သွင်းအားစု မြေဩဇာကျဲပက်နေမှုများအား ကွင်းဆင်းကြည့်ရှုခဲ့ပြီး တစ်ဧက ပန်းတိုင် အထွက်နှုန်း ပြည့်မီကျော်လွန်ရေး (မျိုး၊မြေ၊ရေ၊နည်း)များဖြင့် စနစ်တကျ စိုက်ပျိုးသွားကြရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

ရွှေလေးကျေးရွာ၌ ရွှေမနော် နွေစပါးများကို ရွှေလေးစိုက်ပျိုးရေးနှင့် အထွေထွေသမဝါယမအသင်းသား တောင်သူ ၁၄ ဦး၏ လယ်မြေ ၆၀ ဧကတွင် စိုက်ပျိုးထားပြီး စပါးစိုက်ခင်းများ အောင်မြင်ရေး မြို့နယ်သမဝါယမဦးစီးဌာနမှ တာဝန်ရှိသူများက မြို့နယ်စိုက်ပျိုးရေးဝန်ထမ်းများနှင့်ပူးပေါင်း၍ စိုက်နည်းစနစ်များ ကူညီဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)

မန္တလေးတိုင်းဒေသကြီး


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်