Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သန်လျင်မြို့နယ်၌ ရက် (၁၀၀) စီမံချက်ဖြင့် နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် တောင်သူများအား မျိုးစပါးနှင့် ဓါတ်မြေဩဇာပေးအပ်ပွဲကျင်းပ


18 May,2026

ရန်ကုန် မေ ၁၈

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန မြို့နယ်သမဝါယမဦးစီးဌာနက နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် နိုင်ငံတော်၏ ရက် (၁၀၀) စီမံချက်အရ သန်လျင်မြို့နယ် အတွင်းရှိ မိုးစပါးစိုက်ပျိုးမည့်တောင်သူများအား မျိုးစပါးနှင့် သဘာဝဓါတ်မြေဩဇာပေးအပ်ပွဲကို သန်လျင်မြို့နယ် သမဝါယမအသင်းစုလီမီတက်ခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ သန်လျင်မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမိုးမြင့်က အဖွင့်အမှာ စကားပြောကြားပြီး မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဦးလှိုင်မင်းဦးက နိုင်ငံစီးပွား မြှင့်တင်ရေးရန်ပုံငွေဖြင့် တောင်သူများအားမျိုးစပါးနှင့် သဘာဝဓါတ်မြေဩဇာပေးအပ်မည့် အစီအစဉ်များအား ရှင်းလင်းတင်ပြသည်။

ထို့နောက် သန်လျင်မြို့နယ်အတွင်းမှ နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့်ဆောင်ရွက်မည့် မိုးစပါးစိုက်ပျိုးမည့်တောင်သူများအား မျိုးစပါးနှင့် သဘာဝဓါတ်မြေဩဇာများကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမိုးမြင့်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးရန်မျိုးအောင်၊ မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဦးလှိုင်မင်းဦး၊ မြို့နယ်သမဝါယမ အသင်းစုဥက္ကဌ ဦးကျော်တင့်တို့က ပေးအပ်ခဲ့ကြောင်း သိရသည်။

ဖြိုးသီဟ (သန်လျင်)

ရန်ကုန်တိုင်းဒေသကြီး


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်