Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သာစည်မြို့နယ်၌ ရက်(၁၀၀)စီမံချက်ဖြင့် ကျေးရွာသမဝါယမအသင်းကစိုက်ပျိုးထားသော နွေစပါးများ ပန်းတိုင်အထွက်နှုန်းရရှိရေး တာဝန်ရှိသူများကွင်းဆင်းကြည့်ရှုအသိပညာပေးခြင်းများ ဆောင်ရွက်


18 May,2026

သာစည် မေ ၁၈

မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၌ ရက်(၁၀၀)စီမံချက်ဖြင့် ကုက္ကိုကန်ကျေးရွာ ရွှေကန်မြေ စိုက်ပျိုးထုတ်လုပ် ရေးသမဝါယမအသင်းက စိုက်ပျိုးထားသော နွေစပါးများ ပန်းတိုင်အထွက်နှုန်းရရှိရေး တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုပြီး အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။  

ကွင်းဆင်းကြည့်ရှုရာတွင် ဦးစွာ တိုင်းဒေသကြီးသမဝါယမဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးလှိုင်မိုး၊ မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဦးညီညီဝင်းနှင့် တာဝန်ရှိသူများ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများက သမဝါယမ အသင်းသားတောင်သူများနှင့်တွေ့ဆုံပြီး လက်ထောက်ညွှန်ကြားရေးမှူးက အမှာစကား ပြောကြားသည်။ ဆက်လက်ပြီး မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးအောင်ကျော်စိုးက စိုက်ပျိုးရေးနည်း ပညာများနှင့်ပတ်သက်၍ အသိပညာပေး ပြောကြားသည်။ ထို့နောက် နွေစပါးစိုက်ခင်းအခြေအနေများကို ကွင်းဆင်းကြည့်ရှုပြီး လက်ထောက်ညွှန်ကြားရေးမှူးက ပန်းတိုင်အထွက်နှုန်းရရှိစေရန် လိုအပ်သည်များကို စိုက်ပျိုးရေးဦးစီးဌာန တာဝန်ရှိသူများထံက နည်းပညာများရယူပြီး ဆောင်ရွက်သွားကြရန် မှာကြားခဲ့ကြောင်း သိရသည်။

အဆိုပါ ရွှေကန်မြေ စိုက်ပျိုးထုတ်လုပ်ရေးသမဝါယမအသင်းမှ အသင်းသားတောင်သူ ၇၅ ဦးက နွေစပါးဧက ၃၀၀ စိုက်ပျိုးထားကြောင်း မြို့နယ်သမဝါယမဦးစီးဌာနမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)

မန္တလေးတိုင်းဒေသကြီး


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်