နေပြည်တော် မေ ၁၈
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန (ရုံးချုပ်) ဝန်ထမ်းများ၏ ဆန္ဒဖော်ထုတ်ပွဲ (ဒါဘာ) အား ၁၈-၅-၂၀၂၆ ရက်နေ့ မွန်းလွဲ (၁ : ၀၀) နာရီအချိန်တွင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန(ရုံးချုပ်) စားရိပ်သာ ၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။
ရှေးဦးစွာ ညွှန်ကြားရေးမှူးချုပ် ဦးစိုးထွန်းနိုင်မှ အမှာစကားပြောကြားရာတွင် ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်မှာကြားချက်များဖြစ်တဲ့ ဝန်ထမ်းများအနေဖြင့် အလုပ်လုပ်ချင်တဲ့ စိတ်ဓါတ်ပြင်းပြနေဖို့လိုပါကြောင်း၊ ဘာပဲလုပ်လုပ် စေတနာထားလုပ်ဆောင်ရန်လိုပါကြောင်း၊ လုပ်ငန်းဆောင်ရွက်ရာတွင်လည်း စည်းစည်းလုံးလုံးညီညီညွတ်ညွတ် ဆောင်ရွက်ဖို့လိုပါကြောင်း၊ သမဝါယမစနစ်ကို မဏ္ဍိုင်ပြုပြီး ကျေးလက်လူမှုစီးပွားဖွံ့ဖြိုးရေးအတွက် ဦးစီးဌာန (၄)ခု အတူတကွပူးပေါင်းဆောင်ရွက်ရေးကို အထူးအလေးထား ဆောင်ရွက်ကြရန် အသေးစိတ်ရှင်းလင်းပြောကြားပြီး ဌာနဝန်ထမ်းများမှလည်း မိမိတို့၏ လုပ်ငန်းအခက်အခဲ၊ လူမှုရေးအခက်အခဲများရှိပါက ပွင့်ပွင့်လင်းလင်း တင်ပြကြရန်နှင့် ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပြီး ဝန်ထမ်းများမှ ဌာနခွဲအလိုက် တင်ပြမှုအပေါ် ဖြေရှင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သိရပါသည်။
အဆိုပါကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဝန်ထမ်းများ၏ ဆန္ဒဖော်ထုတ်ပွဲ (ဒါဘာ) သို့ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အင်ဂျင်နီယာချုပ်များ၊ စစ်ဆေးရေးအရာရှိချုပ်၊ ညွှန်ကြားရေးမှူးများနှင့် ရုံးချုပ်ရှိ အရာထမ်း/အမှုထမ်း (၃၂၀) ဦး တက်ရောက်ခဲ့ကြပြီး မွန်းလွဲ (၂:၀၀)နာရီတွင် ရုတ်သိမ်းခဲ့ပါသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်