စေတုတ္တရာ မေ ၁၈
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ် စေတနာမွန်ငွေစုငွေချေးအသင်း လီမိတက်၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို မြို့နယ်သမဝါယမဦးစီးဌာနရုံးခန်းမ၌ ကျင်းပပြုလုပ်သည်။
နှစ်ပတ်လည်အစည်းအဝေးတွင် စေတနာမွန်သမဝါယမအသင်းလီမိတက်၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာအစည်းအဝေး၌ အသင်း၏ဥက္ကဋ္ဌဦးမိုးတင်က သဘာပတိအဖြစ် ဆောင်ရွက်၍ အသင်းအား(၁၉၈၀)ခုနှစ်မှ စတင်ဖြစ်တည်လာပုံနှင့် အသင်း၏ အခြေအနေများအား ရှင်းလင်းပြောကြားခြင်း၊ မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သဇင်ကြည်အောင်က သမဝါယမလုပ်ငန်းစဉ်များ၊ သမဝါယမဥပဒေ၊ နည်းဥပဒေများ၊ စည်းမျဉ်း၊ စည်းကမ်းချက်များကို ရှင်းလင်းပြောကြားပြီးနောက် အသင်းအဖွဲ့တာဝန်ရှိသူတို့က အသင်း၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အရှုံးအမြတ်စာရင်း၊ အမြတ်ခွဲဝေစာရင်း၊ ဘဏ္ဍာရေး အခြေပြု လက်ကျန်ရှင်းတမ်းများ၊ အစီရင်ခံစာ၊ ရှေ့လုပ်ငန်းစဉ်၊ ဘဏ္ဍာရေးရှင်းတမ်းများအပေါ် အသင်းဝင်ကိုယ်စားလှယ်များ၏ ဆန္ဒများရယူ၍ သဘာပတိကအတည်ပြုခဲ့သည်။
စေတုတ္တရာမြို့နယ် "စေတနာမွန်" ငွေစုငွေချေးသမဝါယမအသင်းလီမိတက်အနေဖြင့် အစိုးရဝန်ထမ်းပေါင်းစုံ အသင်းသူ/ သားများအား ယင်းတို့၏ကျန်းမာရေး၊ လူမှုရေး၊ ပညာရေးအတွက် ဆောင်ရွက်ပေးလျက်ရှိရာ အသင်းသားများ၏ စုစောင်းငွေပေါ် အတိုး(၂၇၂၄၄၉၂၀၀)ကျပ် အား ပေးအပ်ခဲ့ပြီး အဆိုပါအစည်းအဝေးသို့ တက်ရောက်လာသည့် အသင်းသား (၂၂၇)ဦးအားလက်ဆောင်များပေးအပ်ခဲ့ကြောင်း သိရသည်။
ဆန်းကိုကို(ပြန်/ဆက်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်