Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

စေတုတ္တရာမြို့နယ်၌ VDP စီမံကိန်းရန်ပုံငွေလွှဲ ပြောင်းပေးအပ်ပွဲကျင်းပပြုလုပ်


19 May,2026

စေတုတ္တရာမြို့နယ်၌ VDP စီမံကိန်းရန်ပုံငွေလွှဲ ပြောင်းပေးအပ်ပွဲကျင်းပပြုလုပ်
===============================
စေတုတ္တရာ၊ မေ-၁၉
 
     သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနမှ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် ရက် ၁၀၀ စီမံချက်ဖြင့် အောက်ပုံကျေးရွာ၌ အကောင်အ ထည်ဖော်ဆောင်ရွက်သည့် ကျေးရွာဖွံ့ဖြိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ရန်ပုံငွေလွှဲပြောင်းပေး အပ်ပွဲအခမ်းအနားကို မေလ ၁၈ ရက်နေ့က အဆို ပါဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြု လုပ်ကြောင်း သိရသည်။
     ရှေးဦးစွာ စေတုတ္တရာမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌ ဦးဟိန်းထက်အောင်က အဖွင့်အမှာစကားပြောကြားသည်။
      ဆက်လက်၍ စေတုတ္တရာမြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသိန်းဇော်ထွန်းက ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)အကောင်အထည်ဖော်ဆောင်ရွက်ရခြင်းနှင့် စီမံကိန်းရန်ပုံငွေလွှဲပြောင်းပေးအပ်ရခြင်း၏ရည်ရွယ်ချက်များ၊ အကျိုး ကျေးဇူးများ၊ စီမံကိန်းအကြောင်းအရာများ၊ ရှေ့ ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ၊ ကျေးရွာပြည်သူလူထုမှပူးပေါင်းပါဝင်ဆောင်ရွက်ပေးရမည့်အခြေအနေများ၊ စီမံကိန်းတာဝန်ခံဝန် ထမ်းများက နည်းပညာနှင့်အနီးကပ်ကြီးကြပ်ဆောင်ရွက်ပေးမည့် အခြေအနေများကို ရှင်းလင်းပြောကြားသည်။
      ထို့‌နောက် အခမ်းအနားသို့တက်ရောက်လာကြ သည့် မြို့နယ်ဦးစီးမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိ အောက်ပုံကျေးရွာသို့ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း(VDP)ရန်ပုံငွေကျပ်သိန်း ၁၅၀ ကိုလွှဲပြောင်းပေးအပ်ကြောင်း၊ အောက်ပုံကျေးရွာ၌ အလျှား ၄၀ ပေ၊ အနံ ၃၀ ပေ၊ အမြင့် ၁၁ ပေရှိသော ဘက်စုံသုံးခန်းမတည်ဆောက်ခြင်းလုပ်ငန်းကိုကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP)ရန်ပုံငွေကျပ် ၁၅၀ သိန်းဖြင့် အကောင်အ ထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စေတုတ္တရာမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသိန်းဇော်ထွန်းမှ ပြောပြ၍သိရသည်။
ကိုနိုင်(ကျေးလက်)
 


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်