မြို့သစ်မြို့နယ် သပြေစမ်းကျေးရွာ၌ ဆိုလာရေတင်စနစ်သောက်သုံးရေရရှိရေးလုပ်ငန်းဆောင်ရွက် နေမှု ကွင်းဆင်းစစ်ဆေး
************************************************************************
မြို့သစ် ဧပြီ ၁၉
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများသန့်ရှင်းသောသောက်သုံးရေ လုံလောက်စွာရရှိစေရေးအတွက် သပြေစမ်း ကျေးရွာ၌ ၂၀၂၆-
၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် ရက် ၁၀၀ အစီအစဉ်ဖြင့် ဆိုလာရေတင်စနစ် သောက်သုံးရေရရှိရေးလုပ်ငန်း ဆောင်ရွက်နေမှုကို တာဝန်ရှိသူများက ယနေ့နံနက်ပိုင်းကကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မကွေးတိုင်းဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး(နည်းပညာ)ဦးမျိုးအောင်၊ မကွေးခရိုင်ဦးစီးမှူး ဦးကျော်ဆန်းဌေး၊ မြို့သစ်မြို့နယ် ဦးစီးမှူးဒေါ်မေသူအောင်နှင့် တာဝန်ရှိသူများက ကျေးရွာသောက်သုံးရေရရှိရေးကော်မတီဝင်များနှင့်အတူ သပြေစမ်းကျေးရွာ၌ ၁၀ ဒသမ ၄၄ ကီလိုဝပ် ဆိုလာစနစ်တည်ဆောက်ခြင်းနှင့် ခြံစည်းရိုးအရှည်ပေ ၁၆၀ ကာရံခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီးဒုတိယညွှန်ကြားရေးမှူး (နည်းပညာ)က လုပ်ငန်းတာဝန်ခံအားဆိုလာစနစ်တည်ဆောက်ခြင်းနှင့် ခြံစည်းရိုးကာရံခြင်း လုပ်ငန်း များကိုစံချိန်စံညွှန်းပြည့်မီစွာဖြင့် သတ်မီတ်ကာလအတွင်း ပြီးစီးအောင် ဆောင်ရွက်ရန်မှာကြားပြီးလိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သပြေစမ်းကျေးရွာ၌ ဆိုလာရေတင်စနစ်တည်ဆောက်ခြင်းနှင့်ခြံစည်းရိုးကာရံခြင်းလုပ်ငန်းများကို ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် ရက် ၁၀၀စီမံချက်ကာလအတွင်း တိုင်းဒေသကြီးရန်ပုံငွေကျပ် ၃၀ ဒသမ ၇၄ သန်းဖြင့် ဌာနမှတာဝန်ယူ၍
ဧပြီ ၂၈ ရက်နေ့က စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ ၅၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ကြောင်း၊လုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပါက အဆိုပါကျေးရွာအတွင်း အိမ်ခြေ ၂၀၂ အိမ်ရှိလူ ၁၁၇၂ ဦး နှင့် ကျွဲ နွား တိရစ္ဆာန်များအတွက် သောက်သုံးရေလုံလောက်စွာ ရရှိမည့်အပြင်ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ဖြစ်သည့် နေရောင်ခြည်စွမ်းအင်သုံး ဆိုလာစနစ်ဖြစ်သည့် အတွက်ရေစက်မောင်းနှင်ရာတွင် ဒီဇယ်ဆီဖိုးကုန်ကျစရိတ်သက်သာခြင်း၊ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုမှ ကာကွယ်နိုင်ခြင်း စသည့်အကျိုးကျေးဇူးများစွာရရှိမည်ဖြစ်ကြောင်း မြို့သစ်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
အိပိုးပိုး
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်