Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

အမရပူရမြို့နယ်၌ သမဝါယမ ကန်ထရိုက်လယ်ယာစနစ်စနစ်ဖြင့် အ‌ကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ဆွေးနွေး


19 May,2026

အမရပူရ မေ ၁၉

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ တမုတ်ဆိုးကျေးရွာအုပ်စု၊ ဂျိုကျေးရွာ သမဝါယမ အသင်းသားတောင်သူများအား သမဝါယကန်ထရိုက်လယ်ယာစနစ် (Cooperative Contract Farming) စနစ်ဖြင့် အ‌ကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး အသင်းသားတောင်သူများနှင့် တွေ့ဆုံပွဲ ကို  ဂျိုကျေးရွာသမဝါယမအသင်းစုဥက္ကဋ္ဌ နေအိမ်တွင် ပြုလုပ်သည်။

ဦးစွာ မန္တလေးတိုင်းဒေသကြီး သမဝါယမဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးထွန်းဇော်ဦးက လက်ရှိဆောင်ရွက်နေသော လုပ်ငန်းစဉ်များနှင့် ဆောင်ရွက်လျက်ရှိသောလုပ်ငန်းများကို ရှင်းလင်း တင်ပြသည်။ ယင်းနောက် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်သူရက ဂျိုကျေးရွာ စိုက်ပျိုးရေးနှင့် အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်းမှ အသင်းသားတောင်သူများနှင့်တွေ့ဆုံပြီး ယခုလာမည့် မိုးစပါးရာသီတွင် သမဝါယမအသင်းသားတောင်သူ (၃၉)ဦး ပိုင်ဆိုင်သော လယ်မြေဧက ၁၅၀ အား စနစ်တကျ စိုက်ပျိုးရေး၊ သမဝါယမကန်ထရိုက်လယ်ယာစနစ် (Cooperative Contract Farming) စနစ်ဖြင့် အ‌ကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအား ရှင်းလင်းပြောကြားခဲ့ပြီး တောင်သူများမှ သိရှိလိုသည်များမေးမြန်းခဲ့ရာ  ညွှန်ကြားရေးမှူးချုပ်က ပြန်လည်ရှင်းလင်းဆွေးနွေး ပြောကြားခဲ့ ကြောင်း သိရသည်။

စိုးသီဟ(အမရ)

မန္တလေးတိုင်းဒေသကြီး


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်