Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မိတ္ထီလာမြို့၌ သမဝါယမအသင်းသားထံသို့ စုဆောင်းငွေပေါ်အတိုးထုတ်ပေးခြင်းဆောင်ရွက်


19 May,2026

မိတ္ထီလာ မေ ၁၉

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြိုနယ်၊ ကျီတော်ကုန်းရပ်ကွက် ရောင်းဝယ်ရေးသမဝါယမ အသင်းလီမိတက် ၂ဝ၂၅-၂ဝ၂၆ ဘဏ္ဍာရေးနှစ်အတွက် သမဝါယမအသင်းသားများထံသို့ စုဆောင်းငွေ အပေါ် အတိုးထုတ်ပေးခြင်းအခမ်းအနားကို အဆိုသမဝါယမအသင်းဆိုင်တွင် ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားတွင် ကျီတော်ကုန်းရပ်ကွက် ရောင်းဝယ်ရေးသမဝါယမအသင်း လီမိတက် ဥက္ကဋ္ဌ ဦးဝင်းမောင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဦးမြင့်လွင်က အသင်းစဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးကို အကြံပြုဆွေးနွေးသည်။ ဆက်လက် ၍  အသင်းအမှုဆောင် ဦးထွန်းအောင်ကျော်က အသင်း၏ ရှေ့လုပ်ငန်းစဉ်များ ကိုဖတ်ကြားဆွေးနွေး ပြီး အသင်းသား၊ အသင်းသူ ၆၈၄ ဦးထံသို့ စုဆောင်းငွေပေါ်အတိုး စုစုပေါင်း ၆၉ဝ၆၉ဝဝ ကျပ်  ကို ထုတ်ပေးခဲ့ကြောင်းသိရသည်။

ချမ်းသာ

မန္တလေးတိုင်းဒေသကြီး


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်