Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)တွင် တည်ဆောက်ရေးနှင့် ဝယ်ယူရေးလုပ်ငန်း များအတွက် တင်ဒါအကြိုရှင်းလင်းပွဲကျင်းပ


19 May,2026

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ် (သန်လျင်)၏  ၂၀၂၆ - ၂၀၂၇ ဘဏ္ဍာနှစ်၊ ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်မည့် တည်ဆောက်ရေး နှင့် ဝယ်ယူရေးလုပ်ငန်းများအတွက် တင်ဒါအကြိုရှင်းလင်းပွဲကို ယနေ့ နေ့လယ် ၂ နာရီအချိန်တွင် သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)၊ ဘက်စုံသုံးခန်းမ၊ MH-109 ၌ ကျင်းပပြုလုပ် သည်။ အဆိုပါတင်ဒါအကြိုရှင်းလင်းပွဲတွင် တင်ဒါလက်ခံရေးနှင့် စိစစ်ရေးကော်မတီ ဥက္ကဋ္ဌ ပါမောက္ခချုပ်၊ ဒေါက်တာရီရီဝင်းက အဖွင့်အမှာစကားပြောကြားရာတွင်  တက်ရောက်လာသည့် ကုမ္ပဏီများအား ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်၊ ငွေလုံးငွေရင်းရန်ပုံငွေဖြင့် တည်ဆောက်ရေးနှင့် ဝယ်ယူရေးလုပ်ငန်း (၄) ခု အတွက် တင်ဒါလျှောက်လွှာများ ခေါ်ယူထားပါကြောင်း၊ တင်ဒါနှင့် ပတ်သက်၍ အဂတိကင်းရှင်းအောင် ဆောင်ရွက်ရမည့်လမ်းညွှန်ချက်များကို ရှင်းလင်းပြောကြား လိုပါကြောင်း၊ တင်ဒါလုပ်ငန်း စည်းမျဉ်းစည်းကမ်းများနှင့်ပတ်သက်ပြီး သိရှိလိုသည်များ ပြင်ဆင်ရန် လိုအပ်သည်များကို ယခုတင်ဒါအကြိုရှင်းလင်းပွဲတွင် ဆွေးနွေးပြောကြားစေလိုကြောင်း၊ ကုမ္ပဏီများ အနေဖြင့် တင်ဒါလုပ်ငန်းများနှင့်စပ်လျဉ်း၍ ကွင်းဆင်းဆောင်ရွက်ချက်များကို မှတ်တမ်းဓာတ်ပုံနှင့် တကွ တင်ပြကြစေလိုကြောင်း၊ နည်းပညာအဆိုပြုလွှာနှင့် ဈေးနှုန်းအဆိုပြုလွှာများတွင် ပါဝင်ရမည့် အချက်များ ပြည့်စုံစွာဖြည့်စွက်တင်ပြရန်လိုကြောင်း၊ အချက်အလက်များ ပြည်စုံစွာ တင်ပြနိုင်ခြင်း မရှိသည့် ကုမ္ပဏီများအား တင်ဒါလက်ခံရေးနှင့် စိစစ်ရေးကော်မတီက ထည့်သွင်းစဉ်းစားမည် မဟုတ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။ ၎င်းနောက် တင်ဒါလက်ခံရေးနှင့် စိစစ်ရေးကော်မတီ အဖွဲ့ဝင်၊ ဒုတိယဌာနမှူး၊ ဒေါ်လှလှစိုးက တင်ဒါစည်းမျဉ်းများနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခဲ့ ပါသည်။ ဆက်လက်၍ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ (CPU) အဖွဲ့ခေါင်းဆောင်၊ ဥပဒေပညာဌာနမှ ပါမောက္ခ၊ ဌာနမှူး ဒေါက်တာသိင်္ဂီညိုက တင်ဒါလုပ်ငန်းနှင့် စပ်လျဉ်း၍ အဂတိ လိုက်စားမှုကင်းရှင်းစေရေး ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ၎င်းနောက် တင်ဒါလျှောက်ထားမည့် ကုမ္ပဏီများမှ သိလိုသည်များ မေးမြန်းဆွေးနွေးခဲ့ရာ တင်ဒါလက်ခံရေးနှင့် စိစစ်ရေးကော်မတီမှ တာဝန်ရှိပုဂ္ဂိုလ်များက ရှင်းလင်းပြောကြားခဲ့ပါသည်။ 
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ် (သန်လျင်)၏ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်၊ ငွေလုံးငွေရင်းရန်ပုံငွေဖြင့် တည်ဆောက်ရေးနှင့် ဝယ်ယူရေး လုပ်ငန်း (၄) ခုကို ၂၆-၅-၂၀၂၆ ရက်နေ့ နံနက် ၁၀ နာရီတွင် ဖွင့်ဖောက်စစ်ဆေး ရွေးချယ်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။ 


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်