Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

တောင်တွင်းကြီးမြို့နယ် ချင်းကုန်း ကျေးရွာ၌ ကွန်ကရစ်လမ််းခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှု စစ်ဆေး


19 May,2026

တောင်တွင်းကြီးမြို့နယ် ချင်းကုန်း ကျေးရွာ၌ ကွန်ကရစ်လမ််းခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှု စစ်ဆေး
   တောင်တွင်းကြီး၊မေလ ၁၉
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊မကွေးတိုင်းဒေသကြီး၊မကွေးခရိုင်၊တောင်တွင်းကြီးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၆- ၂၀၂၇ခုဘဏ္ဍာရေးနှစ်တွင်တောင်တွင်းကြီးမြို့နယ်၊ချင်းကုန်းကျေးရွာ၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP)ဖြင့်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသောကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ယနေ့
နံနက်ပိုင်းကတာဝန်ရှိသူများကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင်တောင်တွင်းကြီးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်စိုးသီတာ နှင့် (VDP) စီမံကိန်းတာဝန်ခံဝန်ထမ်းများက ၂၀၂၆- ၂၀၂၇ခု ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ပံ့ပိုးရန်ပုံငွေကျပ် ၁၅သန်းနှင့် ကျေးရွာနေပြည်သူလူထုထည့်ဝင်ငွေကျပ် ၅သန်း၊ စုစုပေါင်းငွေကျပ် ၂၀သန်း ဖြင့် ချင်းကုန်းကျေးရွာတွင်အရှည် ၃၅၀ပေ၊အကျယ်၁၂ ပေ၊အမြင့်ခြောက် လက်မထုအတိုင်းအတာရှိ ကျေးရွာတွင်းကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းကို မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ နည်းပညာပံ့ပိုးမှုများဖြင့်ကျေးရွာနေပြည်သူလူထုကိုယ်တိုင်ယခုလတတိယပတ်မှစတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းများ ၅၀ ရာခိုင်နှုန်းပြီးစီးမှု အခြေအနေများကိုကြည့်ရှုစစ်ဆေးပြီးဦးစီးအရာရှိဒေါ်စိုးသီတာက လုပ်ငန်းများသတ်မှတ်ရက်အတွင်းအချိန်မီပြီးစီးနိုင်ရေး အလေးထားဆောင်ရွက်ကြစေလိုကြောင်း ဆွေးနွေးမှာကြားခဲ့သည်။ 
အဆိုပါ ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းရာနှုန်းပြည့်ပြီးစီးပါက ချင်းကုန်း ကျေးရွာရှိ အိမ်ခြေ ၁၄၀အိမ်၊လူဦးရေ ၅၈၀ဦးတို့ ရာသီမရွေးသွားလာရလွယ်ကူလာမည်ဖြစ်ပြီးလူမှုရေး၊ကျန်းမာရေးနှင့်စီးပွား ရေးလုပ်ငန်းများတွင်လည်း အကျိုးပြုသွားမည်ဖြစ်ကြောင်း တောင်တွင်းကြီးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။ 
                                                      နွဲ့ယဥ်


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်