Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သရက်မြို့နယ်၌ ရက်(၁၀၀)စီမံချက်ဖြင့် အသက်မွေးဝမ်း‌ကျောင်း အထောက်အကူပြု လူသုံးကုန်ပစ္စည်းထုတ်လုပ်မှုသင်တန်းဆင်းပွဲ ကျင်းပ


21 May,2026

သရက်မြို့နယ်၌ ရက်(၁၀၀)စီမံချက်ဖြင့် အသက်မွေးဝမ်း‌ကျောင်း အထောက်အကူပြု လူသုံးကုန်ပစ္စည်းထုတ်လုပ်မှုသင်တန်းဆင်းပွဲ ကျင်းပ

*********************************************
သရက် မေ ၂၀
           သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ သရက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနနှင့် ပူးပေါင်း၍ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်၊ ရက်(၁၀၀)စီမံချက်ဖြင့် ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိ‌စေရန်၊ တစ်နိုင်တစ်ပိုင် ကိုယ်ထူကိုယ်ထလုပ်ငန်းများ ဆောင်ရွက်လာနိုင်ပြီး လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်လာစေရန် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု လူသုံးကုန်ပစ္စည်းထုတ်လုပ်မှုသင်တန်း(ဆပ်ပြာ၊ ခေါင်းလျှော်ရည်)ဆင်းပွဲအခမ်းအနားကို မေ ၁၉ရက် နံနက်ပိုင်းက သရက်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
         ရှေးဦးစွာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနိုင်ဦးကျော်က သင်တန်းဆင်းအမှာစကား ပြောကြားသည်။
        ဆက်လက်၍ သင်တန်းတွင် ပထမဆုကို အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်သန်းမှလည်း‌ကောင်း၊ ဒုတိယဆုကို တိုင်းဒေသကြီး(၁)လွှတ်‌ေတာ်ကိုယ်စားလှယ် ဦးကျော်ကျော်မှလည်း‌ကောင်း၊ တတိယဆုကို တိုင်းဒေသကြီး (၂)လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာညိုဝင်းမှလည်းကောင်း ဆုများအသီးသီးချီးမြှင့်ခဲ့သည်။
           ထို့နောက် သရက်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးမိုးဝင်းက သင်တန်းသူများထံ သင်တန်းဆင်းကဒ်များ ပေးအပ်ခဲ့ပြီး သင်တန်းသူများကိုယ်စား သင်တန်းသူတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
       အဆိုပါ လူသုံးကုန်ပစ္စည်းထုတ်လုပ်မှုသင်တန်းကို ‌‌‌‌‌‌‌‌‌‌‌‌‌သရက်မြို့နယ်အတွင်း ကျေးရွာကိုးရွာမှ သင်တန်းသူ ၂၀ ဦးတက်‌ရောက်ကြပြီး သင်တန်းကို မေ ၁၅ရက်မှ ၁၉ရက်နေ့ အထိ ၅ရက်ကြာ စာတွေ့လက်တွေ့ အခမဲ့သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။
 
ဆက်လူ


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်