Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

လယ်ဝေးမြိုန့ယ်တွင် တဆက်တစပ်တည်း လယ်ယာမြေအဆင့်မြှင့်တင်ပြီး စနစ်တကျစိုက်ပျိုးနိုင်ရေး ကွင်းဆင်းညှိနှိုင်းဆောင်ရွက်


19 May,2026

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းသမဝါယမဦးစီးဌာန၊ လယ်ဝေးမြို့နယ် ရှားချောင်းကျေးရွာအုပ်စု၊ ရှားချောင်းရွာဘုန်းကြီးကျောင်းတွင် နံနက် (၁၀:၀၀) နာရီအချိန်၌ လယ်ဝေးမြို့နယ် ရှားချောင်းစိုက်ပျိုးထုတ်လုပ်ရေးသမဝါယမအသင်း နှင့်ကောင်းသစ်စံစိုက်ပျိုး ထုတ်လုပ်ရေးသမဝါယမအသင်းများမှ အသင်းသားတောင်သူများအား တဆက်တစပ်တည်း လယ်ယာမြေအဆင့်မြှင့်တင်ပြီး စနစ်တကျစိုက်ပျိုးနိုင်ရေး၊ အထွက်နှုန်းပိုမိုကောင်းမွန်ရေး အတွက် ညွှန်ကြားရေးမှူးချုပ်ရုံး၊ သမဝါယမဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်ပြည့်စိုး(စီးပွား)နှင့် သက်ဆိုင်ရာ ဌာနဆိုင်ရာတာဝန်ရှိသူများမှ အသင်းသားတောင်သူ များသို့ ကွင်းဆင်းစည်းရုံးဆွေးနွေး၍ ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သတင်းရရှိပါသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်