နေပြည်တော်၊ မေ ၁၉
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန အနေဖြင့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် အသေးစား ကုန်ထုတ်လုပ်ငန်းများဖန်တီးပေးနိုင်ရေးနှင့် မိသားစုဝင်ငွေတိုးရေးစီမံကိန်းဖြင့် ဆောင်ရွက်မည့် လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက ပြည်ထောင်စု နယ်မြေ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ ရွာမကျေးရွာ၌ ကျင်းပသည်။
အခမ်းအနားသို့ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်(နည်းပညာ)၊ ညွှန်ကြားရေးမှူးများ၊ သက်ဆိုင်ရာတာဝန်ရှိသူများ၊ စီမံကိန်း ကော်မတီဝင်များ၊ ရပ်မိရပ်ဖများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသားများ တက်ရောက်ကြပါ သည်။
ဦးစွာ ညွှန်ကြားရေးမှူးချုပ်က အဖွင့်အမှာစကားပြောကြားရာ မိမိတို့ ဌာနအနေဖြင့် ဝင်ငွေတိုး စီမံကိန်းဖြင့် သင်တန်းများဖွင့်လှစ် ဆောင်ရွက်ရာတွင် ကျေးရွာများကို ရွေးချယ်ပြီး ဒေသအလိုက်ပေါ များစွာထွက်ရှိသည့် ကုန်ကြမ်းများအပေါ် မူတည်၍သော်လည်းကောင်း၊ ဒေသခံများ၏ လိုအပ်ချက် အရသော်လည်းကောင်း သင်တန်းအမျိုးအစားအလိုက် ဖွင့်လှစ်ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ ထိုသို့ ဆောင်ရွက်ပေးရသည့် ရည်ရွယ်ချက်မှာ အိုးမကွာ၊ အိမ်မကွာဖြင့် မိသားစုဝင်ငွေတိုးပွားရေး ဆောင်ရွက်လိုသည့် အမျိုးသမီးများ၊ ပညာရေးဆုံးခန်းတိုင်အောင် သင်ကြားနိုင်မှုမရှိခဲ့သည့် လူငယ် လူရွယ်များကို အသက်မွေးဝမ်းကျောင်းပညာရပ်များကို သင်ကြားတတ်မြောက်စေပြီး ကိုယ်ပိုင်လုပ် ငန်းထူထောင်နိုင်စေရန်ဖြစ်ပါကြောင်း၊ ယခု ရွာမကျေးရွာတွင် ဒေသခံများ၏ လိုလားချက်အရ လူသုံးကုန်ထုတ်လုပ်မှုနည်းပညာ အခြေခံနှင့် မွမ်းမံသင်တန်းကို ဖွင့်လှစ်ပေးသွားမည် ဖြစ်ပါ ကြောင်း၊ ထို့ကြောင့် သင်တန်းမှ သင်ကြားပေးသည့် ဘာသာရပ်များကို ကြိုးစားသင်ယူကြပြီး ကိုယ်ပိုင်လုပ်ငန်းများ လုပ်ငန်းခြင်းဖြင့် မိသားစုဝင်ငွေတိုးတက်အောင် ဆောင်ရွက်သွားနိုင်မည် ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။
ယခု ဖွင့်လှစ်သော သင်တန်းတွင် နေ့စဉ်အသုံးပြုနေရသည့် လူသုံးကုန်ပစ္စည်းအမျိုးမျိုးဖြစ် သော ရေချိုးဆပ်ပြာဓ၊ အဝတ်လျှော်ဆပ်ပြာရည်၊ ပန်းကန်ဆေးဆပ်ပြာရည်၊ ဘက်စုံသုံးဆပ်ပြာရည်၊ ဆပ်ပြခရင်မ်၊ သဘာဝခေါင်းလျှော်ရည်၊ မျက်နှာသစ်ဆပ်ပြာခဲ အစရှိသည့် လူသုံးကုန်ထုတ်လုပ်မှု နည်းပညာများကို ကိုယ်ပိုင်လုပ်ငန်းထူထောင်နိုင်သည်အထိ စာတွေ့၊ လက်တွေ့ သင်ကြားပေးသွား မည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
ဝင်ငွေတိုးစီမံကိန်းဖြင့် ဆောင်ရွက်ပေးသည့် သင်တန်းတစ်ချင်းစီအလိုက် လုပ်ငန်းထူထောင် နိုင်စေရန်အတွက် သင်တန်းဆင်းများထဲမှ အမှန်တကယ်ကိုယ်ပိုင်လုပ်ငန်းထူထောင်မည့်သူ (၅)ဦး အား သတ်မှတ်ချက်များနှင့်အညီ ရွေးချယ်ပြီး ကိုယ်ပိုင်လုပ်ငန်းထူထောင် လုပ်ကိုင်နိုင်စေရန် အတွက် လုပ်ငန်းသုံးပစ္စည်းများအား ပံ့ပိုးကူညီပေးသွားမည် ဖြစ်ကြောင်း သိရှိရပါသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်