ပြင်ဦးလွင် မေ ၂၀
သမဝါယမကဏ္ဍမှ ဆောင်ရွက်နေသော စိုက်ပျိုးရေး မွေးမြူရေးလုပ်ငန်းများ စနစ်တကျ အောင်မြင်အောင်ဆောင်ရွက်နိုင်စေရေးအတွက် သမဝါယမဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးအောင်သူရ နှင့်တာဝန်ရှိသူများသည် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ နောင်ဝယ်ကျေးရွာရှိ ကောင်းမြန်မာ နို့စားနွားမွေးမြူရေးသမဝါယမအသင်းလီမိတက်သို့ သွားရောက်၍ ကွင်းဆင်းကြည့်ရှုကာ အသင်းမှ တာဝန်ရှိသူများနှင့် ဆွေးနွေးပြီး လိုအပ်သည်များ ဖြည်ဆည်း ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။
ကောင်းမြန်မာနို့စားနွားမွေးမြူရေးသမဝါယမအသင်းလီမိတက်အနေဖြင့် နွားမွေးမြူရေးခြံ ၁၀ ဧကနှင့် တိရိစ္ဆာန်အစာစိုက်ပျိုးမှုဧက ၃၀ ရှိပြီး နို့ညှစ်နွားမကောင်ရေ ၂၉ ကောင်၊ ဇီးရှိကောင်ရေ ၂၆ ကောင်အပါအဝင် စုစုပေါင်းနွားကောင်ရေ ၁၁၈ ကောင် မွေးမြူထားရှိသည်။ နွားစာအတွက် အသင်းစိုက်ခင်းမှ နေဗီယာမြက် ၂၅ ဧကနှင့် နှံစားပြောင်း ၅ ဧက စိုက်ပျိုးထားရှိပြီး၊ နွေရာသီ အသင်းစိုက်ခင်းမှ နွားစာ မလုံလောက်သည့်အချိန်တွင် ပြင်ပမှကောက်ရိုးများကို တစ်လလျှင် ကားစီးရေ ၂၀၀ ခန့်နှင့် အစာခြောက်အဖြစ် နှမ်းဖက်၊ ပဲဖက်များ ဝယ်ယူ၍ ကောက်ရိုးများနှင့် ရောစပ်ကျွေးမွေးလျက်ရှိသည်။ နို့ထွက်နှုန်းအနေဖြင့် နွားတစ်ကောင်လျှင် နွားနို့ကုန်းကြမ်းပျမ်းမျှ ၇.၅ ပိဿာခန့်ဖြင့် နေ့စဉ် ပိဿာချိန်ပေါင်း ၂၂၀ ခန့် ထွက်ရှိပြီး နွားနို့၊ နို့အေး၊ ဒိန်ချဉ်၊ ပူတင်း စသည့် ကုန်ချောပစ္စည်း ၄ မျိုးကိုလည်း ထုတ်လုပ်ကာ ပြင်ဦးလွင်မြို့နယ်အတွင်းရှိ နို့နှင့် နို့ထွက်ပစ္စည်း လက်ကားဆိုင်များသို့ နေ့စဉ် တင်ပို့ရောင်းချ ဖြန့်ဖြူးပေးလျက်ရှိကြောင်း သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်