မြစ်ကြီးနား မေ ၂၀
ကချင်ပြည်နယ်အတွင်း သမဝါယမကဏ္ဍမှ ရက်(၁၀၀)အတွင်း ကုန်ထုတ်လုပ်မှုစွမ်းအား မြှင့်တင်နိုင်ရေးအတွက် မြစ်ကြီးနားမြို့ ဖြိုးဝေဝေ စက္ကူနှင့် စာအုပ်ထုတ်လုပ်ရေး သမဝါယမ အသင်းလီမိတက်သည် တစ်ဖက်ချောစက္ကူ စက်ဖြင့် ဘားဖြူ၊ ဘားပြာ စက္ကူ များအား တစ်ရက်လျှင် (၃)တန်နှုန်း ထုတ်လုပ်နိုင်ပြီး တစ်ရှူးစက်၊ နှစ်ဖက်ချောစက္ကူစက်များအား တိုးချဲ့တပ်ဆင်ခဲ့ရာ တစ်ရှူးစက္ကူလိပ်များအား တစ်ရက်လျှင် (၂) တန်နှုန်းဖြင့်လည်းကောင်း၊ နှစ်ဖက်ချောစက္ကူများအား တစ်ရက်လျှင် (၃)တန် နှုန်းဖြင့်လည်းကောင်း ထုတ်လုပ်နိုင်ပြီး ကချင်ပြည်နယ်အတွင်း မြို့နယ်များရှိ စာသင်ကျောင်းများသို့ ကျောင်းသုံးဗလာစာအုပ်များ ထုတ်လုပ် ဖြန့်ဖြူးရောင်းချလျက်ရှိသည်။
ထို့အပြင် အသင်းအနေဖြင့် စွန့်ပစ်ပစ္စည်းများအား ပြန်လည်အသုံးပြုထုတ်လုပ်သည့် (Recycle) လုပ်ငန်းများ လုပ်ကိုင်သည့် ဒေသတွင်းအကျိုးပြု MSME လုပ်ငန်းဖြစ်သည့်အတွက် ပစ္စည်းများထုတ်ပိုးနိုင်ရေး လိုအပ်သောစက်ပစ္စည်းများ တပ်ဆင်၍ နေလှမ်းဂျပ် စက္ကူများ ထုတ်လုပ် နိုင်ခဲ့သည့်အပြင် ပလပ်စတစ်ထိုင်ခုံ အကျိုးများမှ ကော်စေးများ ထုတ်ယူကာ ပလပ်စတစ်ကြိုးခွေများ ထုတ်လုပ်ရောင်းချလျက်ရှိကြောင်း သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်