Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကြို့ပင်ကောက်မြို့၌ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု ပန်းရံသင်တန်းဆင်း


21 May,2026

ကြို့ပင်ကောက်မြို့၌ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု ပန်းရံသင်တန်းဆင်း
 
ကြို့ပင်ကောက် မေ ၂၀
 
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၆-၂၀၂၇ ခုဘဏ္ဍာရေးနှစ် ရက်(၁၀၀)စီမံချက်ကာလအတွင်း ကျေးလက်နေပြည်သူများ အလုပ်အကိုင် အခွင့်အလမ်း ရရှိစေရန်နှင့် မိသားစုဝင်များတိုးပွားစေရန် ရည်ရွယ်၍ ဖွင့်လှစ််ခဲ့သော အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ပန်းရံသင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့ နေ့လယ်ပိုင်းက အဆိုပါ ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
 
ရှေးဦးစွာ သာယာဝတီခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးညွန့်‌‌ဇော် သင်တန်းဆင်းအမှာစကားပြောကြားပါသည်။
 
ဆက်လက်၍ ကြို့ပင်ကောက်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်သီသီအောင်က သင်တန်းသားများအနေဖြင့် သင်တန်းမှ ပို့ချသော ဘာသာရပ်များကို လက်တွေ့လုပ်ငန်းခွင်တွင် ပြန်လည်အသုံးချကြစေလိုကြောင်း၊ ကိုယ်တိုင်တစ်ပိုင်တစ်နိုင်လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်လိုပါက အရင်းအနှီးများရရှိရေး ချိတ်ဆက်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောကြားပါသည်။
 
ထို့နောက် သင်တန်းကာလ ပြီးမြောက်အောင်တက်ရောက်ခဲ့သော သင်တန်းသား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ပါသည်။
 
အဆိုပါ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ပန်းရံသင်တန်းကို ကြို့ပင်ကောက်မြို့နယ်အတွင်းရှိ ကျေးရွာများမှ သင်တန်းသား(၂၀)ဦးကို ကျွမ်းကျင်နည်းပြနှစ်ဦးက ပန်းရံပြုလုပ်နည်းများကို မေလ ၆ ရက်နေ့မှ ၂၀ ရက်နေ့အထိ ၁၅ ရက်ကြာ စာတွေ့လက်တွေ့ အခမဲ့ဖွင့်လှစ်သင်ကြားပို့ချပေးခဲ့ကြောင်း ကြို့ပင်ကောက်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်သီသီအောင်ထံမှ သိရသည်။
 
 
သန်းလွင်(မကွေး)


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်