Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ရေကြည်မြို့နယ် မယ်ကျက်မအိုင် ကျေးရွာ၌ ရက် ၁၀၀ စီမံချက်ဖြင့် မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေ ပထမ အကြိမ် ထုတ်ချေး


21 May,2026

ရေကြည်မြို့နယ် မယ်ကျက်မအိုင် ကျေးရွာ၌ ရက် ၁၀၀ စီမံချက်ဖြင့်  မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေ ပထမ အကြိမ် ထုတ်ချေး

ရေကြည်  မေ ၂၁

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်ခရိုင် ရေကြည်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနက ကျေးလက်နေပြည်သူများ၏  လူမှုစီးပွားဘဝမြင့်မား‌ရေးနှင့် ဆင်းရဲမှု လျှော့ချရန် ရည်ရွယ်၍  သစ်ငုတ္တထောင် ကျေးရွာအုပ်စု၊ မယ်ကျက်မအိုင် ကျေးရွာတွင် မြစိမ်းရောင်ကျေးရွာ စီမံကိန်း အရင်းမပျောက် လည်ပတ် ရန်ပုံငွေ ပထမအကြိမ် ထုတ်ချေးခြင်းကို ယနေ့ နံနက်ပိုင်းက တာဝန်ရှိသူများ ထုတ်ချေး ပေးခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ရေကြည်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလိန်းကွီး မှ မြစိမ်းရောင်ကျေးရွာစီမံကိန်း လက်စွဲစာအုပ်ပါ လမ်းညွှန်ချက်များ၊ စီမံကိန်း ဆောင်ရွက်ရခြင်းကြောင့် ရရှိလာမည့် အကျိုးကျေးဇူးများ ၊ အတိုး/အရင်းများကို သတ်မှတ်ရက် အတွင်း အချိန်မီပေးသွင်းနိုင်ရေး အလေးထားဆောင်ရွက်ကြစေလိုကြောင်း ၊ ချေးငွေအဆိုပြုလွှာပါ လုပ်ငန်းများအား အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်ကြစေလိုကြောင်း၊ကျေးရွာနေ ပြည်သူများ ထားရှိရမည့် ကျေးရွာစိတ်ဓါတ်တို့နှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ၏ ဥပဒေ၊နည်းဥပဒေ များအကြောင်းကို ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ ရေကြည်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုတက်ရေးဦးစီးဌာန မြို့နယ် ဦးစီးမှူး  ဦးလိန်းကွီး နှင့် စီမံကိန်း တာဝန်ခံဝန်ထမ်းများက မြစိမ်းရောင်စီမံကိန်း လုပ်ငန်း အဖွဲ့ဝင်များထံ ရန်ပုံငွေများ လွှဲပြောင်းပေးအပ်သည်။

ထို့နောက် ကျေးရွာမြစိမ်းရောင်စီမံကိန်း လုပ်ငန်းအဖွဲ့ဝင်များက  မယ်ကျက်မအိုင် ကျေးရွာ၌  မြစိမ်းရောင်ကျေးရွာစီမံကိန်းအရင်းမပျောက်လည်ပတ်ရန်ပုံငွေ ပထမအကြိမ်‌ အဖြစ် စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ ၅၉ ဦး ထံသို့ အရင်းမပျောက်မတည်ရန်ပုံငွေ  ၂၁၂ သိန်း ၊မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ ၇ ဦးထံသို့ ရန်ပုံငွေ  ၁၃ သိန်း  ၊ ရေလုပ်ငန်း ၁၇ ဦး ရန်ပုံငွေ ၂၆  သိန်း၊ အရောင်းအဝယ်လုပ်ငန်းလုပ်ကိုင်သူ ၂၅ ဦး ရန်ပုံ‌ ငွေ ၄၉ သိန်း ၊ စုစုပေါင်း အသင်းသား၊ သူ ၁၀၈ ဦး ထံသို့ အရင်းမပျောက်လည်ပတ်ရန်ပုံငွေ ၃၀၀ သိန်း အား တစ်ဦးချင်း ထုတ်ချေးပေးခဲ့ကြောင်း ရေကြည်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလိန်းကွီး ထံမှ သိရသည်။

ဇင်မာ


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်