Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ရပ်စောက်မြို့နယ် မိုးစပါး မျိုးနှင့် သွင်းအားစု ပံ့ပိုးပေးအပ်ခြင်း အခမ်းအနားကျင်းပ


21 May,2026

ရပ်စောက် မေ ၂၁

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သမဝါယမဦးစီးဌာန ရှမ်းပြည်နယ် (တောင်ပိုင်း) ရပ်စောက်မြို့၊ ပင်ဖြစ်ကျေးရွာရှိ ရောင်ခြည်ဦး စိုက်ပျိုးထုတ်လုပ်ရေး သမဝါယမ အသင်းအား ရက် (၁၀၀) စီမံချက်ဖြင့်မိုးစပါး စိုက်ပျိုးသောအသင်းသား(၃၆)ဦး၏ (၂၉၆)ဧက အတွက် ရပ်စောက်မြို့နယ် သမဝါယမအသင်းစု၏ သွင်းအားစုပံ့ပိုးငွေဖြင့် (၁)ဧကလျှင် (၂.၅)သိန်းကျပ်နှုန်းဖြင့် ကျပ်(၇၂၄.၅)သိန်းနှင့် ညီမျှသော စပါးမျိုး၊ သွင်းအားစုများနှင့် ရပ်စောက်မြို့နယ် သမဝါယမအသင်းစုမှ ထုတ်လုပ်သော စွမ်းထက်သဘာဝမြေဩဇာများအား ရောင်ခြည်ဦး စိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအသင်းသားများသို့ ထောက်ပံ့ပေးအပ်ခဲ့ရာ ရပ်စောက်မြို့နယ် သမဝါယမဦးစီးဌာနဦးစီးအရာရှိ ဒေါ်ဇင်မာဝင့်နှင့် မြို့နယ်သမဝါယမအသင်းစု ဥက္ကဋ္ဌ ဦးအောင်သန်းတို့မှ မိုးစပါးစိုက်ပျိုးရာ၌ တောင်သူများ မျိုးနှင့်သွင်းအားစုအခက်အခဲ မရှိစေရေး စပါးမျိုးနှင့် သွင်းအားစုများကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်းနှင့် ထွက်ရှိလာသည့် စပါးများအား ပန်းတိုင်အထွက်နှုန်းရရှိအောင် ကြိုးပမ်းဆောင်ရွက်၍ ထွက်ရှိလာသော စပါး သီးနှံများအား ရောင်းချရာ၌လည်း သတ်မှတ်ကာလပေါက်ဈေးဖြင့် စျေးကောင်းရရှိအောင် ပံ့ပိုး ကူညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)

ရှမ်းပြည်နယ်


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်