မင်းဘူးမြို့နယ်၌ ရက် ၁၀၀ စီမံချက်ဖြင့် ဆောင်ရွက်မည့် စီမံကိန်း ရန်ပုံငွေ ကျပ်သိန်း ၁၂၀၀ လွှဲပြောင်းပေးအပ်
မင်းဘူး မေ ၂၂
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် မင်းဘူး မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ကျေးလက်နေပြည်သူများ လူနေမှု အဆင့်အတန်းမြင့်မား စေရန် နှင့် ဆင်း ရဲမှု လျော့ကျစေရန် ရည်ရွယ်၍ ၂၀၂၆-၂၀၂၇ ခု ဘဏ္ဍာနှစ်တွင် ရက် ၁၀၀ စီမံချက်ဖြင့် ဆောင်ရွက်မည့် စီမံကိန်း ကျေးရွာ ငါး ရွာ သို့ ရန်ပုံငွေများ လွှဲပြောင်း ပေးအပ်ပွဲ အခမ်းအနားကို မေလ ၂၀ ရက် နေ့ နံနက် ပိုင်း က ပိုက်သင်ကျေးရွာ ဘက်စုံသုံးခန်းမ၌ ကျင်းပသည်။
ရှေ့ဦးစွာ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိန်ရွှေထွန်းကအဖွင့်အမှာစကားပြောကြားပြီး
တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဝင်းမြင့် က အမှာစကားပြောကြားသည်။
ဆက်လက်၍ မင်းဘူးခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးခင်မောင်ကျော် မှ စီမံကိန်း ရန်ပုံငွေများ လွှဲပြောင်းပေးအပ်ရခြင်း ရည်ရွယ်ချက် နှင့် စီမံကိန်း လုပ်ငန်းစဉ်များ အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး ကျေးရွာသူ၊သားများ အနေဖြင့် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။
ထိုနောက် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိန်ရွှေထွန်း၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဝင်းမြင့် နှင့် တာဝန်ရှိသူများက ရက် ၁၀၀ စီမံချက်ဖြင့် မြစိမ်းရောင် ကျေးရွာစီမံကိန်း ဆောင်ရွက်မည့် နန်းတော်ကုန်း ကျေးရွာ နှင့် ထိန်တော ကျေးရွာ လုပ်ငန်းအဖွဲ့များ ထံသို့ ကျပ်သိန်း ၃၀၀ စီ၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း(VDP) ဆောင်ရွက်မည့် ကုန်းတန်း ကျေးရွာနှင့် ကမ်းနီ ကျေးရွာကော်မတီဝင်များထံသို့ ကျပ်သိန်း ၁၅၀ စီ နှင့် ကျေးလက်စီးပွား မြင့်မားရေးရန်ပုံ ငွေ ထူထောင်ခြင်း စီမံကိန်း ( RBF ) ဆောင်ရွက်မည့် ပိုက်သင်ကျေးရွာ လုပ်ငန်း အဖွဲ့ထံသို့ ရန်ပုံငွေ ကျပ် ၃၀၀ သိန်း အသီးသီး လွှဲပြောင်း ပေးအပ်သည်။
အဆိုပါအခမ်းအနားသို့ ကိုယ်စားလှယ်များ ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ ၊ ကျေးရွာ ၅ ရွာ မှ ကျေးရွာဖွံ့ဖြိုးရေး ကော်မတီအဖွဲ့ဝင် ၅ ဦးစီ တက်ရောက်ခဲ့ကြကြောင်း မင်းဘူးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်မင်းထွန်း ပြောပြ၍ သိရသည်။
ဇင်မာ
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်