Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

စေတုတ္တရာမြို့နယ် အောက်ပုံကျေးရွာ၌ ဘက်စုံသုံးခန်းမတည်ဆောက်နေမှုစစ်ဆေး


22 May,2026

စေတုတ္တရာမြို့နယ် အောက်ပုံကျေးရွာ၌ ဘက်စုံသုံးခန်းမတည်ဆောက်နေမှုစစ်ဆေး
=====================================
စေတုတ္တရာ၊ မေ-၂၂
 
     သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာ န၊ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တ ရာမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦး စီးဌာနမှ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် ရက် ၁၀၀ စီမံချက်ဖြင့် အောက်ပုံကျေးရွာ၌ ကျေးရွာဖွံ့ ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ရန်ပုံငွေ နှင့် ကျေးရွာပြည်သူလူထုထည့်ဝင်ငွေများဖြင့် ဘက်စုံသုံးခန်းမတည်ဆောက်ခြင်းလုပ်ငန်းဆောင် ရွက်နေမှုအခြေအနေများကို တာဝန်ရှိသူများမှ ယနေ့နံနက်ပိုင်းအချိန်က ကွင်းဆင်းစစ်ဆေးကြကြောင်းသိရသည်။
     ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်စီမံခန့် ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌ ဦးဟိန်းထက်အောင်နှင့် အဖွဲ့ဝင်များ၊ စေတုတ္တရာမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသိန်းဇော်ထွန်းနှင့် တာဝန်ခံအင် ဂျင်နီယာဝန်ထမ်းများမှ ကျေးရွာကော်မတီဝင်များနှင့်အတူ အောက်ပုံကျေးရွာ၌ ဘက်စုံသုံးခန်းမ တည်ဆောက်ခြင်းလုပ်ငန်းဆောင်ရွက်နေမှုအခြေ အနေများကို ကြည့်ရှ့စစ်‌ဆေးကြပြီးနောက် မြို့ နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌက ကျေးရွာတာဝန်ရှိသူများ၊ ကျေးရွာကော်မတီဝင်များကို သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အချိန်မီပြီးစီးရေး အလေးထားဆောင်ရွက်ကြရန်ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
      စေတုတ္တရာမြို့နယ် အောက်ပုံကျေးရွာ၌ အလျှား ၄၀ ပေ၊ အနံ ၃၀ ပေ၊ အမြင့် ၁၁ ပေရှိသော ဘက်စုံသုံးခန်းမတည်ဆောက်ခြင်းလုပ်ငန်းကို ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP)ရန်ပုံငွေကျပ်သိန်း ၁၅၀ ၊ ကျေးရွာပြည်သူ လူထုထည့်ဝင်ငွေကျပ်သိန်း ၃၀ ၊ စုစုပေါင်းငွေ ကျပ် ၁၈၀ သိန်းဖြင့် မြို့နယ်ကျေးလက်ဒေသဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အင်ဂျင်နီယာဝန်ထမ်းများ၏ နည်းပညာကူညီမှုဖြင့် ကျေးရွာသူကျေးရွာသားများကိုယ်တိုင် မေလ ၁၅ ရက်နေ့မှ စတင်အ ကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ယခုအခါ ၂၇  ရာနှုန်း‌ကျော်ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း၊ အဆိုပါလုပ်ငန်းများအားလုံးရာနှုန်းပြည့်ဆောင် ရွက်ပြီးစီးပါက အောက်ပုံကျေးရွာရှိ ကျေးရွာပြည် သူများ၏ ပညာရေး၊ ကျန်းမာရေ၊ လူမှုရေးနှင့် ဘာသာရေးကိစ္စရပ်များအတွက် အသုံးပြုနိုင်မည် ဖြစ်ပြီး ယခင်ကထက်လူစီးပွားဘဝများပိုမိုဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း စေတုတ္တရာမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသိန်းဇော်ထွန်းမှ သိရသည်။
ကိုညို(ကျေးလက်)
 
 


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်