Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

တောင်ဥက္ကလာပမြို့နယ်၌ မြို့နယ်သမဝါယမအသင်းအမှုဆောင်များနှင့် အသင်းဝန်ထမ်းများ အခြေခံစာရင်းရေး စာရင်းကိုင်သင်တန်းဆင်းပွဲကျင်းပ


21 May,2026

တောင်ဥက္ကလာပ မေ ၂၁

 ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ် သမဝါယမဦးစီးဌာနမှ ရက် ၁၀၀ စီမံချက်အနေဖြင့် မြို့နယ်သမဝါယမအသင်းစုနှင့်ပူးပေါင်းကာ မြို့နယ်သမဝါယမ အသင်း အမှုဆောင်များနှင့် အသင်းဝန်ထမ်းများ အခြေခံစာရင်းရေး၊ စာရင်းကိုင်သင်တန်း ဆင်းပွဲ ကို တောင်ဥက္ကလာပမြို့နယ် အမှတ်(၁၀)ရပ်ကွက် မြို့နယ်သမဝါယမအသင်းစုခန်းမ၌ ကျင်းပပြု လုပ်ခဲ့သည်။

 သင်တန်းဆင်းပွဲအခမ်းအနားတွင် တောင်ဥက္ကလာပမြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဦးခင်ဇော်နှင့် မြို့နယ်သမဝါယမအသင်းစုဥက္ကဋ္ဌ ဦးသာအောင်ဌေးတို့က အမှာစကား ပြောကြား ခဲ့ပြီး တာဝန်ရှိများက သင်တန်းတွင် ထူးချွန်ဆုရရှိသူများအား ဆုတံဆိပ်၊ ဆုငွေ ပေးအပ်ခြင်းနှင့် သင်တန်းသားများအား သင်တန်းဆင်းလက်မှတ်များအသီးသီး‌ပေးအပ်ခဲ့ပြီး အသင်းတာဝန်ရှိသူ များ၊ သင်တန်းနည်းပြများ၊ သင်တန်းသားများ သင်တန်းဆင်းစုပေါင်းမှတ်တမ်းရိုက်ကူးခဲ့ပါသည်။

 အဆိုပါသင်တန်းဆင်းပွဲအခမ်းအနားသို့ တောင်ဥက္ကလာပမြို့နယ် သမဝါယမဦးစီးမှူး၊ မြို့နယ်သမဝါယမအသင်းစုဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ သင်တန်းနည်းပြများ၊ သင်တန်းသားများ တက်ရောက်ခဲ့ပြီး သင်တန်းကိုသင်တန်းသား ၃၀ ဦးတက်ရောက်ပြီး နည်းပြ ၃ ဦးဖြင့် သင်ကြားပေးကာ သင်တန်းကာလကို မေလ ၁၃ ရက်နေ့မှ ၁၉ ရက်နေ့ထိ ဖွင့်လှစ်သင်ကြား ပေးခဲ့ကြောင်း သိရသည်။

ခင်ဆွေနှင်း (ပြန်/ဆက်)

ရန်ကုန်တိုင်းဒေသကြီး


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်