နေပြည်တော် မေလ ၂၁
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သမဝါယမဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံးမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်ပြည်စိုး၊ နေပြည်တော်သမဝါယမဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါ်ဆုယဉ်မြင့်နှင့် တာဝန်ရှိသူများက ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ခရိုင်(၄)ခရိုင်ရှိ မြို့နယ်များသို့ ကျေးလက်လူမှုစီးပွားဖွံ့ဖြိုးရေးလုပ်ငန်း ဦးစားပေးအကောင်အထည်ဖော်ဆောင်ရွက်မည့် မြို့နယ်(၈) မြို့နယ်ရှိ သမဝါယမအသင်း(၁၄)သင်း၏ အသင်းအမှုဆောင်များ၊ အသင်းသူ/အသင်းသားများနှင့် တွေ့ဆုံ၍ ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ကြပါသည်။
ထိုသို့တွေ့ဆုံရာတွင် ဒုတိယညွှန်ကြားရေးမှူးချုပ်က နေပြည်တော်ခရိုင်(၄)ခရိုင်အတွင်း စိုက်ပျိုးရေး၊မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကာလတိုစီမံချက်များ ရေးဆွဲပြီး အကောင်အထည်ဖော်နိုင်ရေး၊ သက်ဆိုင်ရာမြို့နယ်များအနေဖြင့် ကျေးလက်လူမှု့စီးပွားဖွံ့ဖြိုးရေး လုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်မည့် သမဝါယမအသင်းများမှ အသင်းသားများ၏ စည်းရုံးမှု ဖြင့်တဆက်တစပ်တည်းရှိသော အသင်းသားပိုင်လယ်ယာမြေများအား စနစ်တကျလယ်ယာမြေများ ဖော်ထုတ်၍ စိုက်ပျိုးရေးလုပ်ငန်းများဆောင်ရွက်နိုင်ရေး၊ စိုက်ပျိုးရေးလုပ်ငန်းအတွက် လိုအပ်သော မျိုးကောင်းမျိုးသန့် နှင့်သွင်းအားစုများ ပံ့ပိုးပေးနိုင်ရေး၊ လယ်ယာသုံးစက်ကိရိယာများ လိုအပ်ချက် အပေါ် ဖြည့်ဆည်းပေးနိုင်ရေး၊ မွေးမြူရေးလုပ်ငန်းအတွက် လိုအပ်သော တိရိစ္ဆာန်အမျိုးအစားအလိုက် ပံ့ပိုးပေးနိုင်ရေး၊ အသင်းသားတောင်သူများမှ စိုက်ပျိုးထားရှိသည့် သီးနှံများထွက်ရှိချိန်တွင် ဈေးကွက် ရရှိစေရေးနှင့် သမဝါယမပိုင်ဆန်စက်များမှ ဝယ်ယူကြိတ်ခွဲပေးနိုင်ရေးနှင့် စိုက်ပျိုးရေးနှင့်မွေးမြူရေး ကဏ္ဍများ၏ လိုအပ်ချက်များအား ပြည်ထောင်စုဘဏ္ဍာ ရန်ပုံငွေနိုင်ငံတော်ဘတ်ဂျတ်မှ လျာထား တောင်းခံနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်သွားကြရန် မှာကြားခဲ့ပြီး နေပြည်တော်သမဝါယမဦးစီး ဌာနမှ ညွှန်ကြားရေးမှူး၊ ဒေါ်ဆုယဉ်မြင့်မှလည်း သမဝါယမဦးစီးဌာနမှဆောင်ရွက်မည့် ကျေးလက် နေပြည်သူများ ဝင်ငွေရရှိစေရေး၊ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက် စေမည့် အစီအမံများကို ချပြဆွေးနွေးပြီး အောင်မြင်စေရေးအတွက်အသင်းနှင့်ဌာနဟန်ချက်ညီစွာပူးပေါင်းဆောင်ရွက်ပေးကြရန်ဆွေးနွေးပြောကြား ခဲ့ပြီးတွေ့ဆုံခဲ့ရသည့်အသင်းများ၏ အမှုဆောင်များနှင့်အသင်းများမှ သိလိုသည်များ မေးမြန်းခြင်းအပေါ် ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများမှ ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရပါသည်။
နေပြည်တော်သမဝါယမဦးစီးဌာန
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်