Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သထုံမြို့နယ်၊ ကတိုက်ကလေးကျေးရွာ၌ ရက် ၁၀၀ စီမံချက်ဖြင့် လယ်ယာဝန်ဆောင်မှုလုပ်ငန်း ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေး


21 May,2026

သထုံ မေ ၂၁

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ကတိုက်ကလေးကျေးရွာတွင် ပြည်သူ့အကျိုးပြု ရက်(၁၀၀) စီမံချက်ဖြင့် လယ်ယာဝန်ဆောင်မှုလုပ်ငန်း ဆောင်ရွက်နေမှုအား မွန်ပြည်နယ်သမဝါယမဦးစီးဌာနမှ ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများ ကြည့်ရှုစစ်ဆေးသည်။

သထုံမြို့နယ်၊ ကတိုက်ကလေးကျေးရွာ၊ ကတိုက်ကလေးစိုက်ပျိုးရေးနှင့်အထွေထွေ သမဝါယမအသင်းမှ နိုင်ငံတော်ထောက်ပံ့ငွေ ၅၀ ရာခိုင်နှုန်းဖြင့် ထောက်ပံပေးထားသည့် ဒယ်ဒေါင်းထွန်စက်ဖြင့် အသင်းသားတောင်သူတစ်ဦးပိုင်ဆိုင်သည့် လယ်ဧက ၅၀ အား လယ်ယာ ဝန်ဆောင်မှုလုပ်ငန်း ဆောင်ရွက်နေမှုကို မွန်ပြည်နယ်သမဝါယမဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်ခင်မာအေးနှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်‌ဆေးခဲ့ခြင်း ဖြစ်သည်။

ထိုသို့ စစ်ဆေးရာတွင် ပြည်နယ်ညွှန်ကြားရေးမှူးက အသင်းသားတောင်သူများအနေဖြင့် မိုးစပါးစိုက်ပျိုးရာတွင် မိမိတို့ဒေသအလိုက် အထွက်တိုးမျိုးကောင်းမျိုးသန့်များ စိုက်ပျိုးနိုင်ရေး၊ သွင်းအားစုများ အချိန်မီစနစ်တကျထည့်သွင်းနိုင်ရေး၊ လယ်ယာမြေထွန်ယက်နေမှုအား သတ်မှတ်ဧကထက် ပိုမိုထွန်ယက်နိုင်ရေး၊ အသင်းသားတောင်သူအချင်းချင်း ပူးပေါင်းဆောင်ရွက် ကြရေးနှင့် လိုအပ်သည်များကို မြို့နယ်အသင်းစုနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ကြရေးတို့ကို ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)

မွန်ပြည်နယ်


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်