ကျောက်တန်းမြို့နယ် အဒွတ္တောကျေးရွာတွင်းလမ်းကွန်ကရစ်ခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုစစ်ဆေး
************************************************************************
ကျောက်တန်း မေ ၂၂
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊သန်လျင်ခရိုင်၊ ကျောက်တန်း မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ပြည်သူအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည့်ကာလအတွင်းကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) ဖြင့် အဒွတ္တောကျေးရွာတွင်းလမ်းကွန်ကရစ်ခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုကို တာဝန်ရှိသူများက ယနေ့ နံနက်ပိုင်းကကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ရန်ကုန်တိုင်းဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကြည်စော၊သန်လျင်ခရိုင်ဦးစီးမှူး ဒေါ်အေးအေးကြူ၊ ကျောက်တန်းမြို့နယ်ဦးစီးမှူး ဦးထွန်းဝင်းလတ် နှင့်တာဝန်ရှိသူများသည် ကျေးရွာဖွံ့ဖြိုးရေးကော်မတီဝင်များ၊ ရပ်မိရပ်ဖများနှင့်အတူအဒွတ္တောကျေးရွာတွင်းလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကိုကြည့်ရှု စစ်ဆေးပြီး ညွှန်ကြားရေးမှူးက ကျေးရွာဖွံ့ဖြိုးရေးကော်မတီဝင်များအားကွန်ကရစ်လမ်းကို စံချိန်စံညွှန်းပြည့်မီစွာဖြင့်သတ်မှတ်ကာလအတွင်းပြီးစီးအောင်ဆောင်ရွက်ရန်မှာကြားပြီး ရပ်မိရပ်ဖ များ၏တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဒွတ္တောကျေးရွာတွင်းလမ်းအရှည် ၃၀၃ ပေ အကျယ် ၁၀ ပေ အမြင့် ၆ လက်မ ကွန်ကရစ်ခင်းခြင်းလုပ်ငန်းကို ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်ပြည်သူအတွက်ကြိုးပမ်းဆောင်ရွက်လျက်ရှိသည့် ကာလအတွင်းကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ရန်ပုံငွေကျပ်သိန်း ၁၅၀ နှင့် ပြည်သူထည့်ဝင်ငွေကျပ်သိန်း ၃၀ ၊ စုစုပေါင်းငွေကျပ်သိန်း ၁၈၀ ဖြင့် ကျောက်တန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၏ နည်းပညာပံ့ပိုးမှု၊အနီးကပ် ကြီးကြပ်မှုဖြင့် ကျေးရွာသူ/သားများကိုယ်တိုင်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ လုပ်ငန်းများအားလုံးရာနှုန်းပြည့်ပြီးစီးပါကကျေးလက်နေပြည်သူများ လမ်းပန်းဆက်သွယ်ရေး အဆင်ပြေပြီး ဒေသထွက်ကုန်များအားရာသီမရွေးသယ်ယူပို့ဆောင်နိုင်မည်ဖြစ်သည့်အတွက် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း ကျောက်တန်းမြို့နယ်ဦးစီးမှူးဦးထွန်းဝင်းလတ်က ပြောပြ၍ သိရသည်။
အထွေး
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်