Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

‎သန်လျင်မြို့နယ် ပုဂံတောင်ကျေးရွာ၌မြေသားရေကန်ခြံစည်းရိုးကာရံခြင်းလုပ်ငန်းဆောင်ရွက်နေမှု စစ်ဆေး


22 May,2026

‎သန်လျင်မြို့နယ် ပုဂံတောင်ကျေးရွာ၌မြေသားရေကန်ခြံစည်းရိုးကာရံခြင်းလုပ်ငန်းဆောင်ရွက်နေမှု စစ်ဆေး
‎************************************************************************
‎သန်လျင်     မေ        ၂၂

‎သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊သန်လျင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနကစဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုပန်းတိုင်(၆)နှင့်အညီ ကျေးလက်နေပြည်သူများသန့်ရှင်းသောသောက်သုံးရေရရှိရေးအတွက် ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်ပြည်သူအတွက်ကြိုးပမ်းဆောင်ရွက်လျက်ရှိသည့်ကာလအတွင်း ပုဂံတောင်ကျေးရွာ၌မြေသားရေကန် ခြံစည်းရိုးကာရံခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို တာဝန်ရှိသူများကယနေ့နံနက်ပိုင်းက ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။

‎ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ရန်ကုန်တိုင်းဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကြည်စော၊သန်လျင်ခရိုင်ဦးစီးမှူး ဒေါ်အေးအေးကြူ၊ သန်လျင်မြို့နယ်ဦးစီးမှူး ဒေါ်မြတ်မြတ်မော် နှင့်ဝန်ထမ်းများက ကျေးရွာကော်မတီဝင်များနှင့်အတူ ပုဂံတောင်ကျေးရွာ၌ မြေသားရေကန်ခြံစည်းရိုး အရှည် ပေ ၆၅၀ ကာရံခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများကိုကြည့်ရှုစစ်ဆေးပြီး ညွှန်ကြားရေးမှူးက ကျေးရွာကော်မတီဝင်းများ၏ တင်ပြချက်များအပေါ်လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

‎အဆိုပါကျေးရွာ၌ ရေကန်ခြံစည်းရိုးကာရံခြင်းလုပ်ငန်းကို ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်ပြည်သူအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည့်ကာလအတွင်း ပြည်ထောင်စုရန်ပုံငွေကျပ်၁၂ ဒသမ ၄၂ သန်းဖြင့် သန်လျင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနကတာဝန်ယူ၍ မေလ ပထမပတ်က စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ ၇၀ ရာခိုင်နှုန်းကျော်ပြီးစီးနေပြီဖြစ်ကြောင်း၊ အဆိုပါလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးပါက ပုဂံတောင်ကျေးရွာရှိကျေးရွာသူ/သားများ သန့်ရှင်းသောသောက်သုံးရေများ ရယူသုံးစွဲနိုင်မည်ဖြစ်သည့်အတွက်ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက် လာမည်ဖြစ်ကြောင်းသန်လျင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

‎အိပိုးပိုး
 


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်