Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပြည်မြို့နယ် ပေါင်းတရာကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းမှချေးငွေများထုတ်‌ချေးပေး


25 May,2026

ပြည်မြို့နယ် ပေါင်းတရာကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းမှချေးငွေများထုတ်‌ချေးပေး
=====================================
ပြည်၊ မေ-၂၃
 
   သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့နယ်ကျေး လက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၆- ၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် ရက် ၁၀၀ စီမံချက်ဖြင့် ပေါင်းတရာကျေးရွာ၌ ပထမအကြိမ်မြောက်မြ စိမ်းရောင်‌ကျေးရွာစီမံကိန်းအရင်းမပျောက်လည် ပတ်ရန်ပုံငွေများထုတ်ချေးပေးခြင်းကို ယနေ့နံနက်ပိုင်းအချိန်က အဆိုပါကျေးရွာ၌ ဆောင်ရွက်ကြောင်းသိရသည်။
    ရှေးဦးစွာ ပြည်ခရိုင်‌ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်‌ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်ခိုင်ရွှေဝါက အဖွင့်အမှာစကားပြောကြားသည်။
    ဆက်လက်၍ ပြည်မြို့နယ်ကျေးလက်ဒေသဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာနက မြို့နယ်ဦးစီးမှူး ဦး ဌေးဇော်မှ မြစိမ်းရောင်ကျေးရွာစီမံကိန်းဖြင့်ကျေး လက်နေပြည်သူများဆင်းရဲမှုလျော့ကျစေရန်နှင့် တစ်နိုင်တစ်ပိုင်စိုက်ပျိုးရေး၊မွေးမြူရေးနှင့်တခြားစီးပွားရေးလုပ်ငန်းများဆောင်ရွက်နိုင်စေရန်ရည် ရွယ်၍ထုတ်ချေးပေးခြင်းဖြစ်ကြောင်း၊ စီမံကိန်းဆောင်ရွက်ခြင်းဖြင့်ရရှိလာမည့်အကျိုးကျေးဇူးများ၊ စီမံကိန်းလုပ်ငန်းစဉ်အကြောင်းအရာများ၊ စီမံကိန်းစက်ဝန်းကာလနှင့်အတိုးနှုန်းသတ်မှတ်ချက်များ၊ ချေးငွေထုတ်ချေးပေးရာတွင်လိုက်နာရမည့် စည်းကမ်းသတ်မှတ်ချက်များကို ရှင်းလင်းပြောကြားပြီးနောက် ခရိုင်ဦးစီးမှူးနှင့် မြို့နယ်ဦးစီးမှူးတို့က စီမံကိန်းရန်ပုံ‌ငွေကျပ် ၁၉ ဒဿမ ၆၀ သန်းကိုလွှဲပြောင်းပေးအပ်သည်။
     ထို့နောက် ခရိုင်ဦးစီးမှူး၊ မြို့နယ်ဦးစီးမှူးနှင့် စီမံ ကိန်းတာဝန်ခံဝန်ထမ်းများ၏ကြီးကြပ်မှုဖြင့် မြ စိမ်းရောင်‌ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များက ပေါင်းတရာကျေးရွာရှိ စိုက်ပျိုးရေးလုပ်ငန်းဆောင် ရွက်သူ ၂၇ ဦးကိုချေးငွေကျပ် ၁၅ ဒဿမ ၆၀ သန်း၊ မွေးမြူရေးလုပ်ငန်းဆောင်ရွက်သူ ၁၁ ဦးကိုချေးငွေကျပ် ၄ သန်း၊ စုစုပေါင်းအသင်းသား အသင်းသူ ၃၈ ဦးထံသို့ ပထမအကြိမ်မြောက်မြ စိမ်းရောင်ကျေးရွာစီမံကိန်းအရင်းမပျောက်လည် ပတ်ရန်ပုံငွေကျပ် ၁၉ ဒဿမ ၆၀ သန်းကို အတိုးနှုန်းသက်သာစွာဖြင့်ထုတ်ချေးပေးခဲ့ကြောင်း ပြည်မြို့နယ်ကျေးလက်‌ ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဌေးဇော်ထံမှ သိရသည်။
ချိုလေး


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်