Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

တောင်တွင်းကြီးမြို့နယ် ရေဦးကျေးရွာ၌၌ ဖွင့်လှစ်သည့်အခြေခံစက်ချုပ်သင်တန်းအား ကြည့်ရှုစစ်ဆေး


25 May,2026

တောင်တွင်းကြီးမြို့နယ် ရေဦးကျေးရွာ၌၌ ဖွင့်လှစ်သည့်အခြေခံစက်ချုပ်သင်တန်းအား ကြည့်ရှုစစ်ဆေး
    တောင်တွင်းကြီး၊ မေ ၂၄
  
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊မကွေးတိုင်းဒေသကြီး ၊တောင်တွင်းကြီးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန က တောင်တွင်းကြီးမြို့နယ်ရေဦးကျေးရွာအုပ်စု၊ရေဦးကျေးရွာ ၌ ရက်( ၁၀၀)စီမံချက်ဖြင့်အသက်မွေးဝမ်း ကျောင်းအထောက်အကူပြုအခြေခံစက်ချုပ်သင်တန်းသင်ကြားပို့ချနေမှု အခြေအနေများကို ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများ ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် တောင်တွင်းကြီးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်စိုးသီတာ နှင့် ဝန်ထမ်းများက ကျေးလက်နေအမျိုးသမီးများ အလုပ်အကိုင်အခွင့်အလမ်းရရှိစေရေးအတွက် အခြေခံစက်ချုပ်သင်တန်းသင်ကြားပို့ချပေးမှုအခြေအနေများကို ကြည့်ရှုစစ်ဆေး၍ ဦးစီးအရာရှိဒေါ်စိုးသီတာ ကသင်တန်းမှ ရရှိလာမည့်  အသိပညာများကို သင်တန်းသူများအနေ
ဖြင့်အကျိုးရှိရှိအသုံးချစေလိုကြောင်း၊သင်တန်းကာလပြီးဆုံးသည့်တိုင်စိတ်ပါဝင်စားစွာ လက်တွေ့နယ်ပယ်တွင် အသုံးချနိုင်သည်ထိ သင်ယူကြစေလိုကြောင်း မှာကြားခဲ့သည်။
    အဆိုပါ အခြေခံစက်ချုပ်သင်တန်း
ကို ရေဦးကျေးရွာမှ   သင်တန်းသူ (၂၀)ဦးတက်ရောက်ခဲ့ကြပြီးသင်တန်းကို မေလ ၅ရက်နေ့မှ ဇွန်လ ၁၈ ရက်နေ့ထိ သင်တန်းကာလ (၄၅)ရက်ကြာ အခမဲ့ သင်ကြားပေးကြောင်းတောင်တွင်းကြီးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
                                                      နွဲ့ယဥ်


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်