Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မင်းလှမြို့နယ် ဥယျာဉ်ကျေးရွာ၌ VDP စီမံကိန်း လုပ်ငန်းများဆောင်ရွက်နေမှုစစ်ဆေး


25 May,2026

မင်းလှမြို့နယ် ဥယျာဉ်ကျေးရွာ၌ VDP စီမံကိန်း လုပ်ငန်းများဆောင်ရွက်နေမှုစစ်ဆေး
=====================================
မင်းလှ၊ မေ-၂၄
 
     သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာ န၊ မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့ နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် ရက် ၁၀၀ စီမံချက်ဖြင့် ဥယျာဉ်ကျေးရွာ၌ ကျေးရွာဖွံ့ ဖြိုးတိုး တက်ရေးလုပ်ငန်းစီမံကိန်း(VDP)ရန်ပုံငွေနှင့်ကျေး ရွာပြည်သူလူထုထည့်ဝင်ငွေများဖြင့်ကျေးရွာတွင်း လမ်းကွန်ကရစ်ခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို တာဝန်ရှိသူများမှ ယနေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးကြကြောင်းသိရသည်။
     ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မင်းလှမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်လှမျိုးသူနှင့် တာဝန်ခံအင်ဂျင် နီယာဝန်ထမ်းများမှ ကျေးရွာကော်မတီဝင်များနှင့်အတူ ဥယျာဉ်ကျေးရွာ၌ ကျေးရွာတွင်းလမ်းကွန် ကရစ်ခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုအခြေအ နေများကို ကြည့်ရှ့စစ်‌ဆေးကြပြီးနောက် မြို့နယ်ဦးစီးမှူးက ကျေးရွာတာဝန်ရှိသူများ၊ကျေးရွာကော် မတီဝင်များကို သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အချိန်မီပြီးစီးရေး အလေးထားဆောင်ရွက်ကြရန်ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
    မင်းလှမြို့နယ် ဥယျာဉ်ကျေးရွာ၌ အရှည် ၅၂၀  ပေ၊ အကျယ် ၁၂ ပေ၊ အမြင့် ၆ လက်မရှိသော ကျေးရွာတွင်းလမ်းကွန်ကရစ်ခင်းခြင်းလုပ်ငန်းကို ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP)ရန်ပုံငွေကျပ် ၁၅ သန်း၊ ကျေးရွာပြည်သူလူ ထုထည့်ဝင်ငွေကျပ် ၁၀ ဒဿမ ၂၀ သန်း၊ စုစု ပေါင်းငွေကျပ် ၂၅ ဒဿမ ၂၀ သန်းဖြင့် မြို့နယ်ကျေးလက်ဒေသဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အင်ဂျင်နီယာဝန်ထမ်းများ၏ နည်းပညာကူညီမှုဖြင့် ကျေးရွာသူကျေးရွာသားများကိုယ်တိုင် မေလ ၁၅ ရက်နေ့မှ စတင်အကောင်အထည်ဖော်ဆောင် ရွက်ခဲ့ရာ ယခုအခါ ၃၈  ရာနှုန်း‌ကျော်ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း၊ အဆိုပါလုပ်ငန်းများအား လုံးရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးပါက ဉယျာဉ်ကျေးရွာရှိ အိမ်ခြေ ၂၂၅ အိမ်မှ လူဦးရေ ၁၀၁၀ ဦး တို့၏ သွားလာရေးလွယ်ကူစေမှာဖြစ်ပြီး ယခင်ကထက်လူမှုစီးပွားဘဝများပိုမိုဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း မင်းလှမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်လှမျိုးသူထံမှ သိရသည်။
ကိုညို(ကျေးလက်)


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်