Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ရက် ၁၀၀ စီမံချက်ဖြင့် သာစည်မြို့နယ်၌ အသက်မွေးဝမ်း ကျောင်း အထောက်အကူပြု ယိုးဒယားကြိုးများဖြင့် လူသုံးကုန်ထုတ်လုပ်နည်း (ခြင်းတောင်း) သင်တန်းဖွင့်လှစ် ပို့ချနေမှု ကွင်းဆင်းစစ်ဆေး


25 May,2026

ရက် ၁၀၀ စီမံချက်ဖြင့် သာစည်မြို့နယ်၌ အသက်မွေးဝမ်း ကျောင်း အထောက်အကူပြု ယိုးဒယားကြိုးများဖြင့် လူသုံးကုန်ထုတ်လုပ်နည်း (ခြင်းတောင်း) သင်တန်းဖွင့်လှစ် ပို့ချနေမှု ကွင်းဆင်းစစ်ဆေး

သာစည် မေ လ ၂၄

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ၊ မန္တလေးတိုင်း ဒေသကြီး မိတ္ထီလာခရိုင် သာစည်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနက ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန်၊ ဝင်ငွေတိုးလုပ်ငန်းများ ပိုမိုတွင်ကျယ်စွာလုပ်ကိုင်လာနိုင်စေရန် နှင့် ကျွမ်းကျင် လုပ်သားများပေါ်ပေါက်စေရန် ရည်ရွယ်၍ ၂၀၂၆ -၂၀၂၇ ခု ဘဏ္ဍာနှစ် ရက် ၁၀၀ စီမံချက်ဖြင့် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု ယိုးဒယားကြိုးများဖြင့် လူသုံးကုန် ထုတ်လုပ်နည်း                ( ခြင်းတောင်း ) သင်တန်းဖွင့်လှစ်ပို့နေ​မှုကို မေလ ၂၄ ရက်နေ့ နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် သာစည်မြို့နယ် ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်​ေမှူး ဒေါ်မြသက်ဝင်းက ဘာသာရပ်အလိုက် စာတွေ့ ၊ လက်တွေ့ သင်ကြားပို့ချနေမှု အခြေအနေများကို ကြည့်ရှု စစ်ဆေးပြီး သင်တန်းသူများအနေ ဖြင့် သင်တန်းမှ သင်ကြားပို့ချပေးသည့် သင်ခန်းစာများကို အကျိုးရှိစွာ အသုံးချပြီးကိုယ်ပိုင်လုပ်ငန်းများ ဆောင်ရွက်လုပ်ကိုင်နိုင်သည်အထိ အကျိုးရှိစွာကြိုးစားသင်ယူသွားကြရန်၊ တစ်နိုင်တစ်ပိုင် မှသည် အသေးစား၊အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ကိုင်သည်အထိ ကြိုးစား ဆောင်ရွက် မှာကြားခဲ့ကြောင်း သိရသည်။

အဆိုပါ သင်တန်းသို့မြစိမ်းရောင်စီမံကိန်းဝင်ကျေးရွာ၆ရွာမှ သင်တန်းသူ ၂၀ ဦး တက်ရောက်ကြပြီးသင်တန်းတွင်လိုအပ်သောသင်ထောက်ကူပစ္စည်းများထောက်ပံ့ပေးပြီး  ယိုးဒယားကြိုးများဖြင့်  လူသုံးကုန်ပစ္စည်းထုတ်လုပ်နည်း (ခြင်းတောင်း) သင်တန်း ကို မေ ၂၀ ရက်ကနေ မေလ၂၉ ရက်ထိ ၁၀ ရက်ကြာ စာတွေ့လက်တွေ့ဖြင့် အခမဲ့ သင်ကြားပို့ချလျက်ရှိကြောင်း သာစည်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူးဒေါ်မြသက်ဝင်းထံမှ သိရသည်။


ဟိန်းထက်စိုး(မလှိုင်)


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်