Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဒိုက်ဦးမြို့နယ် အုတ်ရှစ်ကုန်းကျေးရွာ၌ ကျေးရွာတွင်း လမ်းဂဝံမြေခင်းခြင်းလုပ်ငန်းဆောက်နေမှုစစ်ဆေး


25 May,2026

ဒိုက်ဦးမြို့နယ် အုတ်ရှစ်ကုန်းကျေးရွာ၌ ကျေးရွာတွင်း လမ်းဂဝံမြေခင်းခြင်းလုပ်ငန်းဆောက်နေမှုစစ်ဆေး
=====================================
ဒိုက်ဦး၊ မေ-၂၃
 
     သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာ န၊ ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက် ဦးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦး စီးဌာနမှ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် ရက် ၁၀၀ စီမံချက်ဖြင့် အုတ်ရှစ်ကုန်းကျေးရွာ၌ ကျေး ရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ရန်ပုံ ငွေဖြင့် ကျေးရွာတွင်းလမ်းဂဝံ‌မြေခင်းခြင်းလုပ် ငန်းဆောင်ရွက်နေမှုအခြေအနေများကို တာဝန်ရှိသူများမှ ယနေ့နံနက်ပိုင်းအချိန်က ကွင်းဆင်းစစ် ဆေးကြကြောင်းသိရသည်။
     ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ဒိုက်ဦးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်မြင့်ထွန်းနှင့် ဝန်ထမ်းများမှ ကျေးရွာကော်မတီဝင်များနှင့်အတူ အုတ်ရှစ်ကုန်းကျေးရွာ၌ ကျေးရွာတွင်းလမ်းဂဝံမြေခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှု့စစ်ဆေးကြပြီး‌နောက်က မြို့နယ်ဦးစီးမှူးက ကျေးရွာတာဝန်ရှိသူများ၊ ကျေးရွာကော်မတီဝင်များကို စံချိန်စံညွှန်းများနှင့်အညီ အချိန်မီပြီးစီးရေး အလေးထားဆောင်ရွက်ကြရန်ဆွေးနွေးမှာ ကြားခဲ့ကြောင်း သိရသည်။
     ဒိုက်ဦးမြို့နယ် အုတ်ရှစ်ကုန်းကျေးရွာ၌ အရှည် ၉၁၀ ပေ၊ အကျယ် ၁၂ ပေ၊ အမြင့် ၆ လက်မရှိသော ကျေးရွာတွင်းလမ်းဂဝံမြေခြင်းလုပ်ငန်းကို ကျေး ရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP)ရန်ပုံငွေကျပ်သိန်း ၁၅၀ ဖြင့် မြို့နယ်ကျေး လက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အင်ဂျင် နီယာဝန်ထမ်းများ၏ နည်းပညာကူညီမှုဖြင့် ကျေး ရွာသူကျေးရွာသားများကိုယ်တိုင်၂၀၂၆ ခုနှစ်ဧပြီ လ ၂၆ ရက်နေ့ မှစတင်ကောင်အထည်ဖော်ဆောင် ရွက်ခဲ့ရာ ယခုအခါ ၇၀ ရာနှုန်းဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း၊ အဆိုပါလုပ်ငန်းများအားလုံးရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးပါက အုတ်ရှစ်ကုန်းကျေးရွာရှိ အိမ်ခြေ ၂၄၇ အိမ်မှ လူဦးရေ ၁၁၄၆ ဦးတို့၏ သွားလာရေးအဆင်ပြေလွယ်ကူ‌‌စေမှာဖြစ်ပြီး ယခင်ကထက်လူစီးပွားဘဝများပိုမိုဖွံ့ဖြိုးတိုး တက်လာမည်ဖြစ်ကြောင်း ဒိုက်ဦးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်‌ရေးဦး စီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်မြင့်ထွန်းမှ‌ ပြောပြ၍ သိရသည်။
ကိုညို(ကျေးလက်)


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်