အုတ်တွင်း မေ ၂၅
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့နယ် သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိနှင့် တာဝန်ရှိသူများ၊ မြို့နယ်သမဝါယမအသင်းစုတို့မှ တာဝန်ရှိသူ များက သမဝါယမကဏ္ဍမှ ရက်(၁၀၀)စီမံချက်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် တစ်ဧက လျှင် ငွေကျပ်(၂.၅) သိန်းနှုန်းဖြင့်ညီမျှသော မျိုးနှင့်သွင်းအားစုများ ပံ့ပိုးရယူဆောင်ရွက်လျက်ရှိသည့် အင်ဒိုင်းစိုက်ပျိုးရေးနှင့် အထွေထွေသမဝါယမအသင်းမှ သမဝါယမအသင်းသားတောင်သူ (၉၇)ဦး အနက် အသင်းသားတောင်သူ ဦးကြည်နိုင်၏ လယ်မြေတွင် စိုက်ပျိုးထားသော ထိုင်းနှံကောက် နွေစပါး ရိတ်သိမ်းမှုအား စနစ်ကျသော စိုက်ပျိုးရေးစနစ်ဖြစ်စေရေးအတွက် ကွင်းဆင်းကြည့်ရှုရာ တစ်ဧကလျှင် ၁၁၄ တင်း ထွက်ရှိကြောင်း သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်