Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကွမ်းခြံကုန်းမြို့နယ်၌ တောင်သူများအား မျိုးစပါးနှင့်သဘာဝမြေဩဇာပေးအပ်ပွဲ ကျင်းပ


25 May,2026

ကွမ်းခြံကုန်း မေ ၂၅

 သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် သမဝါယမဦးစီးဌာနက ပြည်သူအတွက် အကျိုးပြုဆောင်ရွက်မှုတစ်ရပ်အနေဖြင့် မိုးစပါးစိုက်ပျိုးမည့် သမဝါယမအသင်းသားတောင်သူများအား မျိုးစပါးနှင့်သဘာဝမြေဩဇာများ ပံ့ပိုးပေးအပ်ခြင်း အခမ်းအနားကို မြို့နယ်သမဝါယမဦးစီးဌာန ရုံးခန်းမတွင် ကျင်းပသည်။ 

 ရှေးဦးစွာ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးတင်လင်းက အမှာစကား ပြောကြားပြီး ကွမ်းခြံကုန်းမြို့နယ်၊ မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဒေါ်စန်းယုမွန်က တောင်သူများအား မျိုးစပါးနှင့် သဘာဝမြေဩဇာပေးအပ်ရခြင်းအား ရှင်းလင်းပြောကြားပြီး တာဝန်ရှိသူများက အသင်း (၁၂) သင်း၊ အသင်းသား (၂၃၀)ဦး၊ အတွက် မျိုးစပါးနှင့် သဘာဝမြေဩဇာများ ပေးအပ်ခဲ့ကြောင်း သိရသည်။ 

ဆွေနွယ် (ပြန်/ဆက်)

ရန်ကုန်တိုင်းဒေသကြီး


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်