Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မင်းဘူးမြို့နယ် ထိန်တော ကျေးရွာ၌ရက် ၁၀၀ စီမံချက်ဖြင့် မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံ ငွေ ပထမ အကြိမ် ထုတ်ချေး


25 May,2026

မင်းဘူးမြို့နယ် ထိန်တော  ကျေးရွာ၌ရက် ၁၀၀ စီမံချက်ဖြင့်  မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံ ငွေ ပထမ အကြိမ် ထုတ်ချေး

မင်းဘူး မေ ၂၅

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် မင်းဘူးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ရက် ၁၀၀ စီမံချက်ဖြင့် ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းနှင့် မိသားစုဝင်ငွေ တိုးပွားလာပြီး ဆင်းရဲမှုလျော့ကျစေရန် ရည်ရွယ်၍ ထိန်တော  ကျေးရွာတွင် မြစိမ်းရောင် ကျေးရွာ စီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေ ပထမ အကြိမ်  ထုတ်ချေးခြင်းကို ‌ မေလ ၂၄ ရက်နေ့ နံနက်ပိုင်းကမြို့နယ်ဦးစီးမှူး ဦးကျော်မင်းထွန်း နှင့် တာဝန်ရှိသူများ ကျေးရွာအရောက် ထုတ်ချေး ပေးခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မင်းဘူးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်မင်းထွန်း မှ မြစိမ်းရောင်ကျေးရွာစီမံကိန်း လက်စွဲစာအုပ်ပါ လမ်းညွှန်ချက်များ၊ စီမံကိန်း ဆောင်ရွက်ရခြင်းကြောင့် ရရှိလာမည့် အကျိုးကျေးဇူးများ ၊ ငွေထုတ်ချေးရာတွင် လိုက်နာရမည့် စည်းကမ်းသတ်မှတ်ချက်များ ၊ကျေးရွာနေ ပြည်သူများ ထားရှိရမည့် ကျေးရွာစိတ်ဓါတ်တို့နှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေး ဦးစီးဌာန ဥပဒေ၊နည်းဥပဒေ များအကြောင်းကို ရှင်းလင်းပြောကြားပြီး
မြစိမ်းရောင်စီမံကိန်း လုပ်ငန်းအဖွဲ့ဝင်များ ထံ ရန်ပုံငွေများ လွှဲပြောင်းပေးအပ်သည်။

ထို့နောက် ကျေးရွာမြစိမ်းရောင်စီမံကိန်း လုပ်ငန်းအဖွဲ့ဝင်များက ထိန်တော ကျေးရွာ၌ ရက် ၁၀၀ စီမံချက်ဖြင့် မြစိမ်းရောင်ကျေးရွာစီမံကိန်းအရင်းမပျောက်လည်ပတ်ရန်ပုံငွေ ပထမ  အကြိမ်  စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ ၆၉ ဦး ထံသို့ ရန်ပုံငွေ ၂၄၁  သိန်း ၊ မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူ ၁၆ ဦး ထံသို့ ရန်ပုံငွေ ၃၈  သိန်း၊ အရောင်းအဝယ် လုပ်ငန်း လုပ်ကိုင်သူ ၆ ဦးထံသို့ ရန်ပုံငွေ ၁၄ သိန်း၊ အသက်မွေးဝမ်းကျောင်း လုက်ငန်း လုပ်ကိုင်သူ ၂ ဦးထံသို့ ရန်ပုံငွေ ၄ သိန်း၊ အသေးစားစက်မှုလက်မှု လုပ်ငန်းလုပ်ကိုင်သူ ၁ ဦးထံသို့ ရန်ပုံငွေ ၃ သိန်း ၊  စုစုပေါင်းအသင်းဝင် ၉၄  ဦးထံသို့ ရန်ပုံငွေ ၃၀၀ သိန်း  အား တစ်ဦးချင်း ထုတ်ချေးပေးခဲ့ကြောင်း မင်းဘူးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်မင်းထွန်း  ထံမှ သိရသည်။

          ဇင်မာ


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်