မြစ်ကြီးနားမြို့နယ် ဂေါ့နန်ကွင်းကျေးရွာတွင် ကျေးလက်လယ်ယာသားငါးကုန်ထုတ်လမ်း ဆောင်ရွက်ပြီးစီးမှု ကွင်းဆင်းစစ်ဆေး
မြစ်ကြီးနား၊ မေ ၂၅
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကုန်ထုတ်လုပ်မှုမြှင့်တင်ရန်နှင့် ကျေးလက်နေပြည်သူများ ရာသီမရွေး ကျေးလက်ထုတ်ကုန်များ ကုန်စည်စီးဆင်းနိုင်ရန်အတွက် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုအထွေထွေပိုလျှံရန်ပုံငွေ(GRF) ရက် ၁၀၀ စီမံချက်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နေသည့် ဂေါ့နန်ကွင်းကျေးရွာတွင် ကျေးလက်ကုန်ထုတ်လမ်းေဖာက်လုပ်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအား ယနေ့ နံနက်ပိုင်းက မြို့နယ်တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မြစ်ကြီးနားမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးနေသူရိန်စိန်လှ၊ တာဝန်ခံအင်ဂျင်နီယာတို့နှင့်အတူ ဂေါ့နန်ကွင်းကျေးရွာတွင် ကျေးလက်ကုန်ထုတ်လမ်းမြေသားတာပေါင်တင်ခြင်းနှင့် သဲကျောက်ခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုအား ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများက ကျေးရွာလမ်းဖြစ် မြောက်ရေးကော်မတီဝင်များနှင့်တွေ့ဆုံကာ လုပ်ငန်းများအား သတ်မှတ်ကာလအတွင်း အရည်အသွေးပြည့်မီစွာဆောင်ရွက်ကြရန်နှင့် ဆောင်ရွက်ပြီးစီးပါကလည်း ရေရှည်တည်တံ့အောင် ထိန်းသိမ်းစောင့်ရှောက်ကြရန် ဆွေးနွေးမှာကြားပြီး လိုအပ်များ ပေါင်းစပ်ညှိနှိုင်းပေးသည်။
အဆိုပါ ဂေါ့နန်ကွင်းကျေးရွာတွင် လမ်းအရှည် ၁၅၀၀ ပေ၊ အကျယ် ၁၈ပေနှင့် ထု ၂ပေရှိ မြေသားတာပေါင်တင်ခြင်း၊ ၎င်းလမ်းပေါ်တွင် အရှည် ၁၅၀၀ ပေ၊ အကျယ် ၁၂ ပေနှင့် ထု ၉လက်မရှိ သဲကျောက်ခင်းခြင်းလုပ်ခြင်းလုပ်ငန်းများအား ပြည်ထောင် စုအထွေထွေပိုလျှံရန်ပုံငွေ ကျပ် ၁၄၇ သန်းဖြင့် မြို့နယ်ကျေးလက်ဦးစီးဌာနမှ ဧပြီလ ဒုတိယပတ်မှ စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းများ ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း မြစ်ကြီးနားမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးနေသူရိန်စိန်လှထံက သိရသည်။
နွဲ့ယဥ်
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်