Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)တွင် ဆရာ၊ ဆရာမများ စွမ်းဆောင်ရည် မြှင့်တင်ရေးနှင့် သင်ကြားမှုနည်းပညာသင်တန်း ဆင်းပွဲအခမ်းအနားကျင်းပ


25 May,2026

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)တွင် ဆရာ၊ ဆရာမများ စွမ်းဆောင်ရည် မြှင့်တင်ရေးနှင့် သင်ကြားမှုနည်းပညာသင်တန်း (Capacity Building and Training of Trainers on Pedagogy) ဆင်းပွဲအခမ်းအနားကို ယနေ့  နံနက် ၁၁ နာရီတွင် ဘက်စုံသုံးခန်းမ၌ ကျင်းပပြုလုပ်ရာ ပါမောက္ခချုပ် ဒေါက်တာရီရီဝင်း တက်ရောက်၍ သင်တန်းဆင်း အမှာစကားပြောကြားရာတွင် ယနေ့အခမ်းအနားသည် သင်တန်းတစ်ခုပြီးဆုံးခြင်းသာမက မိမိတို့တက္ကသိုလ်၏ Academic Capacity Enhancement နှင့် Teaching Quality Improvement တို့အတွက် အရေးပါသော Academic Milestone တစ်ခုဖြစ်ပါကြောင်း၊ ယနေ့ကမ္ဘာကြီးသည် Fourth Industrial Revolution, Artificial Intelligence & Digital Transformation ခေတ်သို့ လျင်မြန်စွာ ကူးပြောင်းလျက်ရှိပါ ကြောင်း၊ ထိုသို့ ပြောင်းလဲလာသော Global Educational Environment နှင့် ကိုက်ညီစေရန် Higher Education Institutions များအနေဖြင့် Knowledge Transfer တစ်ခုတည်းကိုသာ ဦးတည်နေ၍ မရတော့ဘဲ Critical Thinking, Creativity, Communication, Collaboration နှင့် Problem-solving Skills များ ဖွံ့ဖြိုးလာစေရန် ဦးတည်ဆောင်ရွက်လာကြသည်ကို တွေ့မြင် ရပါကြောင်း၊ ထို့ကြောင့် ယနေ့ခေတ် ဆရာ၊ ဆရာမများ၏ အခန်းကဏ္ဍသည် Lecturer အဖြစ် သာမက Facilitator, Mentor, Motivator, Researcher နှင့် Change Agent များအဖြစ် တိုးတက် ပြောင်းလဲလာပါကြောင်း၊ ပညာရေးသည်ဘဝအတွက်ကြိုတင်ပြင်ဆင်ခြင်းသာမက လူသားတစ်ဦး၏ အတွေးအမြင်၊ စိတ်နေသဘောထားနှင့် လူမှုတာဝန်ယူမှုတို့ကို ဖွံ့ဖြိုးတိုးတက်စေသော lifelong transformative process တစ်ရပ်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ဆရာ၊ ဆရာမများ၏ Teaching Competency နှင့် Pedagogical Effectiveness တို့သည် ပညာရေးအရည်အသွေး မြင့်မားရေး အတွက် အဓိကမောင်းနှင်အားများ ဖြစ်လာပါကြောင်း၊ ယခုဖွင့်လှစ်ခဲ့သော “Capacity Building and Training of Trainers on Pedagogy” သင်တန်းသည် မိမိတို့ဆရာ၊ ဆရာမများ၏ Professional Competencies, Instructional Skills နှင့် Innovative Teaching Practices များကို မြှင့်တင်ပေးနိုင်ရန် ရည်ရွယ်ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ ယခုသင်တန်းတွင် Active Learning Strategies, Classroom Management Techniques, Outcome-based Education Approaches, Assessment and Evaluation Methods, Reflective Teaching Practices နှင့် Learner Engagement Strategies များကို ဆွေးနွေးလေ့လာခဲ့ကြပြီး ဖြစ်ပါကြောင်း၊ ယနေ့ခေတ်တွင် Effective Teaching ဆိုသည်မှာ စာသင်ပေးနိုင်ခြင်းတစ်ခုတည်းကို မဆိုလိုတော့ဘဲ ကျောင်းသား၊ ကျောင်းသူများ၏ Intellectual Development, Emotional Growth နှင့် Holistic Development တို့ကို အထောက်အကူပြုနိုင်ခြင်းကို ဆိုလိုပါကြောင်း၊ နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုကို ဆုံးဖြတ်ပေးနိုင်သည့် အဓိကအင်အားမှာ လူ့စွမ်းအားအရင်းအမြစ်ဖြစ်ပြီး ထို Human Capital Development ကို အကောင်အထည်ဖော်ပေးနေသူများမှာ ဆရာ၊ ဆရာမများပင် ဖြစ်ပါကြောင်း၊ ထို့ကြောင့် Faculty Development နှင့် Continuous Professional Development Programs များသည် Higher Education Institutions များအတွက် အလွန်အရေးကြီးလာပါကြောင်း၊ ယနေ့ခေတ် ဆရာ၊ ဆရာမများသည် Content Delivery ကိုသာ အာရုံစိုက်နေ၍ မရတော့ဘဲ Student Engagement, Interactive Learning နှင့် Reflective Practices များကို ပိုမိုအားပေး ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ယခုသင်တန်းမှရရှိခဲ့သော Knowledge, Skills နှင့် Academic Experiences များကို မိမိတို့၏ Teaching-learning Processes များတွင် လက်တွေ့အသုံးချကြမည်ဟု ယုံကြည်ပါကြောင်းနှင့် Departmental Academic Communities များအတွင်း Collaborative Learning Culture နှင့် Knowledge-sharing Practices များ ပိုမိုအားကောင်းလာစေရန်လည်း မျှော်လင့်ပါကြောင်း၊ မိမိတို့တက္ကသိုလ်အနေဖြင့်လည်း Quality Assurance Mechanisms, Faculty Capacity Building Programs, Research Culture Development နှင့် International Academic Collaboration Initiatives များကို ဆက်လက်အကောင်အထည်ဖော်သွားမည်ဖြစ်ပြီး International Standards နှင့် ကိုက်ညီသော Quality Higher Education Institution တစ်ခု ဖြစ်လာစေရန် အားသွန်ခွန်စိုက် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ထို့အပြင် မိမိတို့၏ Teaching Profession ကို Noble Profession အဖြစ် ဂုဏ်ယူစွာ ခံယူကြပြီး Lifelong Learners များအဖြစ် ဆက်လက် လေ့လာ သင်ယူကြရန်လည်း တိုက်တွန်းမှာကြားလိုကြောင်း ပြောကြားခဲ့ပါသည်။
၎င်းနောက် သင်ကြားရေး(၁၁)ဌာနမှ သင်တန်းသား၊ သင်တန်းသူများအား သင်တန်းဆင်း လက်မှတ်များ ပေးအပ်ချီးမြှင့်ရာ အထောက်အကူပြုဘာသာရပ်ဌာန(၆)ခုမှ သင်တန်းသား၊ သင်တန်းသူ များအား ရန်ကုန်ပညာရေးတက္ကသိုလ်၊ ပါမောက္ခချုပ် ဒေါက်တာကေသွယ်လှိုင်ကလည်းကောင်း၊ အထူးပြုဘာသာရပ်(၅)ခုမှ သင်တန်းသား၊ သင်တန်းသူများအား သမဝါယမနှင့်စီမံခန့်ခွဲမှုပညာ တက္ကသိုလ်(သန်လျင်)၊ ပါမောက္ခချုပ် ဒေါက်တာရီရီဝင်းကလည်းကောင်း ပေးအပ်ချီးမြှင့်ခဲ့ရာ ဘာသာရပ်ဌာနအသီးသီးမှ သင်တန်းသား ကိုယ်စားလှယ်များက လက်ခံရယူခဲ့ကြသည်။ ထို့နောက် သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)၊ ပါမောက္ခချုပ်က ရန်ကုန်ပညာရေးတက္ကသိုလ်၊ ပါမောက္ခချုပ်အား အမှတ်တရလက်ဆောင်ပေးအပ်ခဲ့ပြီး သင်တန်းသား၊ သင်တန်းသူများကိုယ်စား မြန်မာစာဌာနမှ နည်းပြ ဦးရန်နိုင်စိုးက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကာ သင်တန်းသား၊ သင်တန်းသူများနှင့် မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့သည်။ အဆိုပါ သင်တန်းဆင်းပွဲအခမ်းအနားသို့ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)မှ ပါမောက္ခချုပ်၊ ရန်ကုန်ပညာရေးတက္ကသိုလ်မှ ပါမောက္ခချုပ်၊ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်မှ ပါမောက္ခချုပ်၊ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ် (သန်လျင်)မှ ပါမောက္ခ/ဌာနမှူးများ၊ တွဲဖက်ပါမောက္ခ၊ ခေတ္တဌာနမှူးများ၊ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများနှင့် သင်တန်းသား ဆရာ၊ ဆရာမ ၄၇ ဦး တက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ ၁၄-၅-၂၀၂၆ ရက်နေ့မှ ၂၂-၅-၂၀၂၆ ရက်နေ့အထိဖြစ်ကြောင်း သတင်းရရှိသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်