Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဒုတိယဝန်ကြီး ဦးသိုက်စိုး နေပြည်တော်ကောင်စီနယ်မြေအတွင်း သမဝါယမစနစ် အေးခဲဟင်းသီးဟင်းရွက်များ စိုက်ပျိုးထုတ်လုပ်ရေး ကွင်းဆင်းဆောင်ရွက်


27 May,2026

နေပြည်တော် မေ ၂၇

          သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးသိုက်စိုးသည် ယနေ့နံနက် ပိုင်းက သမဝါယမဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများလိုက်ပါလျက် ပျဉ်းမနားမြို့ နယ်သမဝါယမအသင်းစု၏ သူဌေးကုန်းကျေးရွာ စိုက်ပျိုးမွေးမြူရေးခြံသို့ သွားရောက်၍ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ Myanmar Agri Food ကုမ္ပဏီမှ တာဝန်ရှိသူများနှင့် တွေ့ဆုံပြီး နိုင်ငံတော်သမ္မတ ၏ ပျဉ်းမနားမြို့၊ ကျီးအင်းကျေးရွာရှိ (Myanmar Agri Food Co.,ltd) အေးခဲဟင်းသီးဟင်းရွက် ထုတ်လုပ်တင်ပို့ခြင်းလုပ်ငန်းအား ကွင်းဆင်းစစ်ဆေးသည့် ခရီးစဉ်တွင် နိုင်ငံအတွက် အကျိုးရှိသည့် လုပ်ငန်းတစ်ခုဖြစ်ပြီး လက်ရှိရရှိပြီးဖြစ်သည့် ဈေးကွက်ကို ဆက်လက်တိုးချဲ့ထုတ်လုပ်တင်ပို့နိုင်ရေး ဆောင်ရွက်သွားရန်၊ ထိုသို့ဆောင်ရွက်ရာတွင် စုပေါင်းသမဝါယမစနစ်ဖြင့်လည်း ဆောင်ရွက်၍ ရနိုင်ကြောင်း ဟု လမ်းညွှန်မှာကြားချက်အား အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ယခုကဲ့သို့ တွေ့ဆုံဆွေးနွေးခြင်း ဖြစ်ပါကြောင်း၊ စိုက်ပျိုးထုတ်လုပ်ရန် လိုအပ်သည့် မြေနေရာ ရရှိရေး၊ သတ်မှတ်သီးနှံအလိုက် စိုက်နည်းစနစ်များနှင့်အညီ စိုက်ပျိုးထုတ်လုပ်နိုင်ရေးတို့အတွက် ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ကြရန် ပြောကြားသည်။

ယင်းနောက် သမဝါယမဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ Myanmar Agri Food ကုမ္ပဏီမှ တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက် မည့် အစီအမံများကို ရှင်းလင်းဆွေးနွေးခဲ့ကြသည်။

ထိုမှတဆင့် ဒုတိယဝန်ကြီးသည် ဇေယျာသီရိမြို့နယ်၊ မအူတောကျေးရွာအုပ်စု၊ စိမ်းစားပင် ကျေးရွာသို့ သွားရောက်၍ စိုက်ပျိုးစီးပွားအသိပညာပေးစင်တာတွင် သမဝါယမစိုက်ပျိုးမွေးမြူရေး အသင်းသားများနှင့်တွေ့ဆုံခဲ့ရာ သမဝါယမဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးက လုပ်ငန်းဆောင်ရွက်နေမှု များ ရှင်းလင်းတင်ပြသည်။

ထို့နောက် ဒုတိယဝန်ကြီးက မိမိတို့ဝန်ကြီးဌာနအနေဖြင့် နွေစပါးစိုက်ပျိုးသည့် သမဝါယမ အသင်းသားတောင်သူများ လိုအပ်သည့် အရင်းအနှီး၊ မျိုးနှင့် သွင်းအားစုများ ပံ့ပိုးပေးလျက် ရှိပါကြောင်း၊ စနစ်ကျသော စိုက်ပျိုးမွေးမြူရေး ဖြစ်စေရေး၊ ထုတ်ကုန်များ တိုးမြှင့်ထုတ်လုပ်နိုင် ရေးနှင့် စိုက်ပျိုးသီးနှံအလိုက် ပန်းတိုင်အထွက်နှုန်းရရှိရေး ကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်း ပြောကြားပြီး တက်ရောက်လာကြသည့် အသင်းသားတောင်သူများ၏ စိုက်ပျိုးရေးနှင့် ဖွံ့ဖြိုးရေး တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

ယင်းနောက် ဒုတိယဝန်ကြီးသည် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် ဖြည့်စွက်ရန်ပုံငွေဖြင့် စိမ်းစားပင်ကျေးရွာ၏ အဆင့်မြင့်လယ်ယာ ကုန်ထုတ်လမ်း (၃) လမ်း အရှည် ပေ (၇၀၈၀) ဖောက်လုပ်ပေးမည့်နေရာနှင့် နွေစပါးစိုက်တောင်သူများ၏ ရိတ်သိမ်းခြွေလှေ့နေမှုအား ကြည့်ရှုအားပေးခဲ့သည်။

 ထိုမှတဆင့် ဒုတိယဝန်ကြီးသည် ပုဗ္ဗသီရိမြို့နယ်၊ အေးမြင့်သာယာကျေးရွာသို့ သွားရောက်၍ သမဝါယမဦးစီးဌာန၏ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ၊ သက်တန့်ရောင်စီမံကိန်းရန်ပုံငွေတို့ဖြင့် မိုးစပါးစိုက်ပျိုးမည့် သမဝါယမအသင်းများသို့ မျိုးနှင့် သွင်းအားစုပေးအပ်ပွဲသို့ တက်ရောက် အမှာ စကားပြောကြားပြီး ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ စိုက်ပျိုးထုတ်လုပ်ရေးသမဝါယမအသင်း (၁၈) သင်း ၏ စိုက်ပျိုးမြေ (၅၈၁) ဧကအတွက် မျိုးနှင့် သွင်းအားစုများ ပေးအပ်ခဲ့သည်။

ဆက်လက်၍ ဒုတိယဝန်ကြီးသည် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၏ အသေးစား ကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေး စီမံကိန်းဖြင့် ဖွင့်လှစ် ခဲ့သည့် အပ်ချုပ်သင်တန်း တက်ရောက်အောင်မြင်ပြီး တစ်ပိုင်တစ်နိုင် ဆောင်ရွက်နေသည့် ယွန်းမီ အုပ်ချုပ်လုပ်ငန်းကိုလည်းကောင်း၊ သောက်သုံးရေရရှိရေးအတွက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနက အခြေခံပညာမူလတန်းလွန်ကျောင်းအတွင်း တည်ဆောက်ပေးခဲ့သည့် အမြင့်တင် ရေစင်နှင့် ငလျင်ဒဏ်ထိခိုက်မှုအပေါ် ပြန်လည်ပြုပြင်ပြီးစီးမှုကိုလည်းကောင်း ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် ဒုတိယဝန်ကြီးသည် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ရုံးချုပ်သို့ သွား ရောက်၍ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် ရန်ကုန်နှင့် စစ်ကိုင်းတို့မှ ကျောင်းဆင်း၍ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနတွင် တာဝန် ထမ်းဆောင်ကြမည့် ဝန်ထမ်းများ၏ လုပ်ငန်းခွင်ဝင် သင်တန်းဆင်းပွဲသို့ တက်ရောက်ပြီး သင်တန်း ဆင်းအမှာစကား ပြောကြားကာ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြောင်း သိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်