မတ္တရာ မေ ၂၇
မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ်၌ နန်းရွှေရာရောင်းဝယ်ရေးသမဝါယမအသင်း လီမိတက်၏ ၂၀၂၄-၂၀၂၅ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို မတ္တရာမြို့ အမှတ်(၁)ရပ်ကွက် ဓမ္မာရုံတွင် ကျင်းပသည်။
ဦးစွာ နန်းရွှေရာရောင်းဝယ်ရေးသမဝါယမအသင်းဥက္ကဋ္ဌ ဦးကျော်မြင့်မှ သဘာပတိအဖြစ် ဆောင်ရွက်၍ အမှာစကားပြောကြားခဲ့ပြီး မတ္တရာမြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးအေးမြင့်က လက်ရှိဆောင်ရွက်နေသော သမဝါယမလုပ်ငန်းအကြောင်းနှင့် အသင်း စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးကို အကြံပြုဆွေးနွေးခဲ့သည်။ ဆက်လက်၍ အသင်းအမှုဆောင် ဦးကျော်လွင်က အသင်းရှေ့လုပ်ငန်းစဉ်များကို ဖတ်ကြား ဆွေးနွေးခဲ့ကြောင်း သိရသည်။
ရွှေရာသား
မန္တလေးတိုင်းဒေသကြီး
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်