Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဖားကန့်မြို့နယ် ကောင်ရာကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း လုပ်ငန်းများ စစ်ဆေး


26 May,2026

ဖားကန့်မြို့နယ် ကောင်ရာကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း လုပ်ငန်းများ စစ်ဆေး 

ဖားကန့် ၊မေ ၂၆

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကချင်ပြည်နယ် ဖားကန့်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကောင်ရာအုပ်စု၊ ကောင်ရာကျေးရွာ၌ မြစိမ်းရောင်ကျေးရွာ စီမံကိန်းရန်ပုံငွေဖြင့် တစ်နိုင်တပိုင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အရောင်းအဝယ်လုပ်ငန်းများဆောင်ရွက်ထားမှုအခြေအနေများအား ယနေ့နံနက်ပိုင်းက မြို့နယ်တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ဖားကန့်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဆိုင်းအောင်နှင့် စီမံကိန်းတာဝန်ခံတို့နှင့်အတူ ကောင်ရာကျေးရွာတွင် မြစိမ်းရောင်စီမံကိန်းရန်ပုံငွေဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အရောင်းအဝယ်လုပ်ငန်းများဆောင်ရွက်ထားရှိမှု၊ စာရင်းဇယားများမှန်ကန်စွာရေးသွင်းထားမှုနှင့် စီမံကိန်းလက်စွဲစာစောင်ပါညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ထားမှုရှိ၊မရှိတို့ကို ကြည့်ရှုစစ်ဆေးပြီး ကော်မတီဝင်များနှင့်တွေ့ဆုံကာ စီမံကိန်းရန်ပုံငွေများရေရှည်တည်တံ့စေရေး၊ ရန်ပုံငွေဆုံးရှုံးမှုများမဖြစ်ပေါ်စေရေး၊ ကြွေးကျန်မဖြစ်စေရန်နှင့် အတိုးအရင်းများအား သတ်မှတ်ကာလများတွင် အပြေအကြေပေးသွင်းနိုင်ရေးကို အလေးထားလိုက်နာဆောင်ရွက်သွားရန် ဆွေးနွေးမှာကြားသည်။

အဆိုပါ ကောင်ရာကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေ ကျပ် ၆၂၇ သိန်းအား စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ အသင်းသား ၇၉ ဦး၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ အသင်းသား ၅၈ ဦး၊ အရောင်းအဝယ်လုပ်ငန်းလုပ်ကိုင်သူ အသင်းသား ၁၄ ဦး၊ စုစုပေါင်းအသင်းသား ၁၅၁ ဦးတို့အတွက် ထုတ်ချေးပေးထားပြီး စီမံကိန်းလုပ်ငန်းများ လည်ပတ်ဆောင်ရွက်လျက်ရှိကြောင်း ဖားကန့်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဆိုင်းအောင်ထံက သိရသည်။
                                                       နွဲ့ယဥ်


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်