Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

နတ်မောက်မြို့နယ် အင်းကုန်းကျေးရွာ၌ မြစိမ်း ရောင်ကျေးရွာစီမံကိန်းလုပ်ငန်းများစစ်ဆေး


26 May,2026

နတ်မောက်မြို့နယ် အင်းကုန်းကျေးရွာ၌ မြစိမ်း ရောင်ကျေးရွာစီမံကိန်းလုပ်ငန်းများစစ်ဆေး
=====================================
နတ်မောက်၊ မေ-၂၆
 
     သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာ န၊  မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ် မောက်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနမှ အင်းကုန်းကျေးရွာ၌ မြစိမ်းရောင် ကျေးရွာစီမံကိန်းချေးငွေများဖြင့် လုပ်ငန်းအ ကောင်အထည်ဖော်ဆောင်ရွက်ထားရှိမှုအခြေအ နေများကို တာဝန်ရှိသူများမှ ယနေ့နံနက်ပိုင်းအ ချိန်က ကွင်းဆင်းစစ်ဆေးကြကြောင်းသိရသည်။
     ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် နတ်မောက်မြို့ နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဝင်းနိုင်ဦးနှင့် စီမံကိန်းတာဝန် ခံဝန်ထမ်းများမှမြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ် ငန်းအဖွဲ့ဝင်များနှင့်အတူ အင်းကုန်းကျေးရွာ၌ မြေ ပဲ၊ နှမ်းနှင့် ဟင်းသီးဟင်းရွက်စိုက်ပျိုးထားရှိမှုအ ခြေအနေများ၊ လအလိုက်ပေးပို့ရသည့်စာရင်းဇ ယားများ ပြည့်စုံမှုရှိမရှိတို့ကိုကြည့်ရှု့စစ်ဆေးကြပြီးနောက် မြို့နယ်ဦးစီးမှူးက ကျေးရွာတာဝန်ရှိသူများ၊ မြစိမ်းရောင်ကျေးရွာစီမံကိန်းကော်မတီဝင်များနှင့်တွေ့ဆုံကာ ကျေးလက်နေပြည်သူများအလုပ်အကိုင်အခွင့်အလမ်းများရရှိပြီး မိသားစာဝင်ငွေတိုးပွားလာကာ ကျေးလက်ဒေသဆင်းရဲမှုနှုန်းလျော့ကျလာစေရန်ရည်ရွယ်၍ မြစိမ်းရောင်ကျေးရွာစီမံကိန်းကိုအ ကောင်အထည်ဖော်ဆောင် ရွက်ပေးခြင်းဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့ကြောင်းသိရသည်။
     နတ်မောက်မြို့နယ် အင်းကုန်းကျေးရွာ၌ မြစိမ်း ရောင်ကျေးရွာစီမံကိန်းကို ၂၀၁၄-၂၀၁၅ ခုဘဏ္ဍာ ရေးနှစ်မှစတင်၍ အကောင်အထည်ဖော်ဆောင် ရွက်ခဲ့ကြောင်း၊ ယခုဘဏ္ဍာရေးနှစ်တွင် အင်းကုန်း ကျေးရွာ၌  စိုက်ပျိုးရေးလုပ်ငန်းဆောင်ရွက်သူ ၂၀၀ ဦးကို ဧကဒဿမအကြိမ်မြောက်မြစိမ်း ရောင်ကျေးရွာစီမံကိန်းအရင်းမပျောက်လည်ပတ် ရန်ပုံငွေကျပ်သန်း ၅၀ ကို ထုတ်ချေးထားရှိပြီး မိသားစုဝင်ငွေတိုးစီးပွားရေးလုပ်ငန်းများအောင် မြင်စွာလုပ်ကိုင်ဆောင်ရွက်လျှက်ရှိကြောင်း နတ် မောက်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဝင်းနိုင်ဦးထံမှ သိရသည်။
ကိုညို(ကျေးလက်)


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်