ချောက်မြို့နယ် တွင်းဖြူရိုးကျေးရွာ၌ တနိုင်တပိုင်စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်နေမှုစစ်ဆေး
***********************************************************************
ချောက် မေ ၂၆
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ချောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများဆင်းရဲမှုလျော့ကျစေရန် အတွက် တွင်းဖြူရိုးကျေးရွာ၌ မြစိမ်းရောင်စီမံကိန်းဖြင့်တနိုင်တပိုင်စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို တာဝန်ရှိသူများကယနေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ချောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမြို့နယ်ဦးစီးမှူး ဦးအောင်ကြည်မြင့် နှင့် စီမံကိန်းတာဝန်ခံဝန်ထမ်းများသည်မြစိမ်းရောင်ကျေးရွာ စီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များနှင့်အတူ တွင်းဖြူရိုးကျေးရွာ၌မြစိမ်းရောင်ကျေးရွာစီမံကိန်းအရင်း မပျောက်လည်ပတ်ရန်ပုံငွေများဖြင့် တနိုင်တပိုင်စိုက်ပျိုးရေးလုပ်ငန်း၊ မွေးမြူရေးလုပ်ငန်းနှင့် အရောင်းအဝယ်လုပ်ငန်းများဆောင်ရွက်နေမှုအခြေအနေများနှင့် စီမံကိန်းဆိုင်ရာ စာရင်းဇယားများဆောင်ရွက်ထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး မြို့နယ်ဦးစီးမှူးကစီမံကိန်းအသင်းဝင် ကျေးရွာသူကျေးရွာသားများနှင့် တွေ့ဆုံ၌ လိုအပ်သည်များပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ချောက်မြို့နယ်၊ တွင်းဖြူရိုးကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းဖြင့် စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ ၅ ဦးကို ငွေကျပ် ၂ ဒသမ ၅ သန်း၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ ၁၁၆ ဦးကိုငွေကျပ် ၄၆ ဒသမ ၈ သန်း၊ စုစုပေါင်းစီမံကိန်းအသင်းဝင် ၁၂၁ ဦးကို ငွေကျပ် ၄၉ ဒသမ ၃သန်းအား အတိုးနှုန်း သက်သာစွာဖြင့် ထုတ်ချေးပေးထားသည့်အတွက် အဆိုပါချေးငွေများဖြင့်တနိုင်တပိုင် စီးပွားရေး လုပ်ငန်းများ အဆင်ပြေစွာ လည်ပတ်ဆောင်ရွက်လျက်ရှိကြောင်းချောက်မြို့နယ် ကျေးလက်ဒေသဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
အိပိုးပိုး
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်