Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပြည်မြို့နယ် မုဌောကျေးရွာ၌ မြစိမ်းရောင်ကျေး ရွာစီမံကိန်းလုပ်ငန်းများပြီးစီးမှုစစ်ဆေး


29 May,2026

ပြည်မြို့နယ် မုဌောကျေးရွာ၌ မြစိမ်းရောင်ကျေး ရွာစီမံကိန်းလုပ်ငန်းများပြီးစီးမှုစစ်ဆေး
=====================================
ပြည်၊ မေ-၂၉
 
    သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့နယ်ကျေး လက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မုဌော ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းအတိုးရရှိ ငွေမှ သုံးစွဲခွင့်ရှိသောငွေဖြင့် ကျေးရွာတွင်းလမ်း ‌မြေနီကျောက်စရစ်ခင်းခြင်းနှင့်ရေသန့်စင်စက်တပ်ဆင်ခြင်းလုပ်ငန်းများဆောင်ရွက်ပြီးစီးနေမှုအခြေအနေများကို တာဝန်ရှိသူများမှ ယနေ့နံနက်ပိုင်းအ ချိန်က ကွင်းဆင်းစစ်ဆေးကြကြောင်းသိရသည်။
     ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ပြည်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နုဟန်နီလွင်နှင့် ဝန်ထမ်းများမှ ကျေးရွာကော်မတီဝင်များနှင့်အတူ မုဌောကျေးရွာ ၌ ကျေးရွာတွင်းလမ်းမြေနီကျောက်စရစ်ခင်းခြင်း လုပ်ငန်းနှင့် ရေသန့်စင်စက်တပ်ဆင်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးနေမှုအခြေအနေများကိုကြည့်ရှုစစ်ဆေးကြပြီးနောက် ဦးစီးအရာရှိက ကျေးရွာတာ ဝန်ရှိသူများ၊ ကျေးရွာတွင်းလမ်းဖြစ်မြောက်ရေး ကော်မတီဝင်များကို ဆောင်ရွက်ပြီးလုပ်ငန်းများ အကျိုးရှိစွာအသုံးပြုကြရန်နှင့် ရေရှည်အသုံးပြု နိုင်ရေးသက်ဆိုင်သူအားလုံးက ဝိုင်းဝန်းထိန်းသိမ်း ပေးကြရန် လမ်းညွှန်မှာကြားခဲ့ကြောင်းသိရသည်။
      ပြည်မြို့နယ် မုဌောကျေးရွာ၌ အရှည် ၁၁၈၀ ပေ၊ အကျယ် ၁၂ ပေ၊ အမြင့် ၆ လက်မရှိသော မြေ နီကျောက်စရစ်ခင်းခြင်းလုပ်ငန်း၊ အချင်း တစ်ပေ အရှည် ၂၀ ပေရှိသော ရေပြွန်သုံးစင်းတပ်ဆင်ခြင်းနှင့် တစ်နာရီရေ သန့်ဂါလံ ၂၀၀ ကျော်ထွက်ရှိသည့် ရေသန့်စင်စက်တပ်ဆင်ခြင်းလုပ်ငန်းကို မြစိမ်းရောင်ကျေးရွာစီမံကိန်းအတိုးရရှိငွေမှသုံးစွဲခွင့်ရှိသောငွေကျပ် ၆ ဒဿမ ၅၅ သန်းအသုံးပြုပြီး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦး စီးဌာနမှ အင်ဂျင်နီယာဝန်ထမ်းများ၏ နည်းပညာ ကူညီမှုဖြင့် ကျေးရွာသူ ကျေးရွာသားများကိုယ် တိုင် ၂၀၂၆ ခုနှစ်မေလ ၅ ရက်နေ့မှ စတင်အ ကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ယခုအခါ ရာ နှုန်းပြည့်ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း၊ အဆိုပါလုပ်ငန်းများအားလုံးရာနှုန်းပြည့်ဆောင် ရွက်ပြီးစီးမှုကြောင့် မုဌောကျေးရွာသူကျေးရွာသားများမှာ သွားလာရေးလွယ်ကူနေပြီး သန့်ရှင်း သော သောက်ရေများကိုဖူလုံစွာရရှိနေပြီဖြစ် ကြောင်း ပြည်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နုဟန်နီလွင် ထံမှ သိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်