Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မင်းလှမြို့နယ် မြို့သစ်ကျေးရွာ၌ VRFP စီမံကိန်းရန်ပုံငွေများထုတ်ချေးပေး


29 May,2026

မင်းလှမြို့နယ် မြို့သစ်ကျေးရွာ၌ VRFP စီမံကိန်းရန်ပုံငွေများထုတ်ချေးပေး
‎=====================================
‎မင်းလှ၊ မေ-၂၉
‎      သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာ န၊ မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့ နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း(VRFP)ရန်ပုံ ငွေများ သတ္တမအကြိမ်ပြန်လည်ထုတ်ချေးခြင်းကို ယနေ့နံနက်ပိုင်းအချိန်က မြို့သစ်ကျေးရွာ၌ ကျင်း ပပြုလုပ်ခဲ့ကြောင်း သိရသည်။
‎      ရှေးဦးစွာ မင်းလှမြို့နယ်ကျေးလက်ဒေသဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်လှမျိုးသူက ကျေးရွာမတည်ရန်ပုံငွေစီမံကိန်းဖြင့် မြို့ သစ်ကျေးရွာရှိ လုပ်ကွက်ငယ်တောင်သူများ၊ စိုက် ပျိုးမွေးမြူထုတ်လုပ်သူများနှင့် အသေးစားစီးပွား ရေးလုပ်ငန်းလုပ်ကိုင်လိုသူများလိုအပ်သည့် ငွေ ကြေးအရင်းအနှီးနှင့် သွင်းအားစုများ၊ မျိုး‌ကောင်းမျိုးသန့်များရရှိစေရန်ရည်ရွယ်၍ထုတ်ချေးပေးရခြင်းဖြစ်ကြောင်း၊ စီမံကိန်းမှရရှိလာမည့်အကျိုး ကျေးဇူးများကို ရှင်းလင်းပြောကြားသည်။
‎      ဆက်လက်၍ စီမံကိန်းတာဝန်ခံဝန်ထမ်းက စီမံ ကိန်းစက်ဝန်းကာလနှင့် အတိုးနှုန်းသတ်မှတ်ချက်များ၊ ချေးငွေထုတ်ချေးရာတွင်လိုက်နာရမည့်စည်း ကမ်းသတ်မှတ်ချက်များ၊ကျေးလက်ဥပဒေ၊နည်းဥဒေများကို ရှင်းလင်းဆွေးနွေးပြီးနောက် မြို့နယ်ဦး စီးမှူးက စီမံကိန်းရန်ပုံငွေကျပ် ၂၅ ဒဿမ ၈၀ သန်းကို လွှဲပြောင်းပေးအပ်ခဲ့သည်။
‎      ထို့နောက် မြို့နယ်ဦးစီးမှူးနှင့် စီမံကိန်းတာဝန်ခံ ဝန်ထမ်းများ၏ ကြီးကြပ်မှုဖြင့် ကျေးရွာမတည်ရန် ပုံငွေစီမံကိန်းကြီးကြပ်မှုကော်မတီဝင်များက မြို့ သစ်ကျေးရွာ၌ စိုက်ပျိုးရေးလုပ်ငန်းဆောင်ရွက်သူ  ၂၄ ဦးကိုချေးငွေ ၂၂ ဒဿမ ၉၀ သန်း၊မွေးမြူရေး လုပ်ငန်းဆောင်ရွက်သူ သုံးဦးကိုချေး‌ငွေ တစ် ဒဿမ ၉၀ သန်း၊ အရောင်းအဝယ်လုပ်ငန်းဆောင် ရွက်သူ တစ်ဦးကိုချေးငွေကျပ် တစ် သန်း၊ စုစု ပေါင်းအသင်းသူအသင်းသား ၂၈ ဦးကိုသတ္တမ အကြိမ်မြောက်ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း (VRFP )အရင်းမပျောက်လည်ပတ်ရန်ပုံငွေကျပ် ၂၅ ဒဿ မ ၈၀ သန်းကို အတိုးနှုန်းသက်သာစွာဖြင့် ထုတ်ချေးပေးခဲ့ကြောင်း မင်းလှမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်လှမျိုးသူထံမှ သိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်