ညောင်ရွှေမြို့နယ်၊ ကျေးရွာ(၆) ရွာတွင် ရက်(၁၀၀)စီမံချက်ဖြင့် ဆောင်ရွက်သည့် စီမံကိန်းလုပ်ငန်းများ ရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲ ကျင်းပ
ညောင်ရွှေ မေ လ ၂၉
သမဝါယမနှင့် ကျေးလက်ဖွံဖြိုးရေးဝန်ကြီးဌာန ၊ ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကလောခရိုင်၊ ညောင်ရွှေမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၆-၂၀၂၇ ခု ဘဏ္ဍာရေးနှစ်တွင် ရက်(၁၀၀)စီမံချက်ဖြင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP)နှင့်ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေထူထောင်ခြင်းစီမံကိန်း(RBF) အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာ(၆)ရွာအား စီမံကိန်း ရန်ပုံငွေများ လွှဲပြောင်းပေးအပ်ပွဲကို မေ လ ၂၇ရက်နေ့ နေ့လည်ပိုင်းက နန်းပန်မြို့၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးလင်းအောင်ဆွေမှ အဖွင့် အမှာစကားပြောကြားကာ အင်းသားတိုင်းရင်းသားရေးရာဝန်ကြီး ဒေါ်တင်တင်ရီက ထပ်ဆင့်အမှာစကားပြောကြားခဲ့သည်။
ဆက်လက်၍ ရှမ်းပြည်နယ် (တောင်ပိုင်း) ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူးဦးမောင်မောင်ဝင်းက ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP)နှင့်ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေထူထောင်ခြင်းစီမံကိန်း(RBF) အကောင် အထည်ဖော်ဆောင်ရွက်ခြင်း၏ ရည်ရွယ်ချက်များ၊ အကျိုးကျေးဇူးများနှင့်စီမံကိန်းအကြောင်းအရာများရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးလင်းအောင်ဆွေ၊ အင်းသားတိုင်းရင်းသားရေးရာဝန်ကြီး ဒေါ်တင်တင်ရီ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခွန်စောလွင်နှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၂ဦးမှ ကျေးရွာ(၆)ရွာအား စီမံကိန်းရန်ပုံငွေ ကျပ် ၁၀၅သန်းအား လွှဲပြောင်းပေးအပ်ခဲ့သည်။
ကျားတွန်ကျေးရွာ၊ ဖက်ဟီးကျေးရွာ၊ နောင်ကင်ကျေးရွာ၊ နွားဓမ(မြောက်)ကျေးရွာနှင့် ပွဲစားကုန်းလယ်ပြင်ကျေးရွာတို့တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ကျေးရွာ(၁)ရွာလျှင် ကျပ်၁၅သန်းဖြင့် ကျေးရွာ( ၅)ရွာ ကျပ်၇၅သန်းနှင့် ဟဲယာရွာမကျေးရွာတွင် ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေထူထောင်ခြင်းစီမံကိန်း(RBF) ရန်ပုံငွေ ကျပ်သန်း၃၀အား လွှဲပြောင်း ပေးအပ်ခြင်းဖြင့်အဆိုပါကျေးရွာ (၆)ရွာမှ အိမ်ခြေ (၁၉၃၅)အိမ်၊ လူဦးရေ (၈၅၀၇)ဦးအတွက် လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်ဖို့လာစေမည်ဖြစ်ကြောင်း ညောင်ရွှေမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ယုယုထံက သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်