Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ရွှေဘိုခရိုင်၌ ဝင်ငွေတိုးစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်


29 May,2026

ရွှေဘို၊ မေ ၂၉

          သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန အနေဖြင့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် အသေးစားကုန်ထုတ်လုပ်ငန်းများဖန်တီးပေးနိုင်ရေးနှင့်ကျေးလက်နေမိသားစုဝင်ငွေတိုး‌ရေးစီမံကိန်းဖြင့် ဆောင်ရွက်သည့် စက်ချုပ်နည်းပညာသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက ရွှေဘိုခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Center ၌ ကျင်းပသည်။

          အခမ်းအနားသို့ ရွှေဘိုခရိုင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များ၊ ရွှေဘိုခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ခရိုင်ဦးစီးမှူး၊ သက်ဆိုင်ရာဌာနများမှ တာဝန် ရှိသူများ၊ စီမံကိန်းကော်မတီဝင်များ ၊သင်တန်းနည်းပြများနှင့် သင်တန်းသားများတက်ရောက်ခဲ့ပါ သည်။

          အဆိုပါ သင်တန်းဖွင့်ပွဲတွင် ရွှေဘိုခရိုင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌက သင်တန်းဖွင့်အမှာစကားပြောကြားပြီး ရွှေဘိုခရိုင် အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာန ခရိုင်ဦးစီးမှူးက ဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များ၊ စီမံကိန်းဆောင်ရွက်နိုင်မှုအခြေအနေများ၊ ရည်ရွယ်ချက်များနှင့်အကျိုးကျေးဇူးများ၊ လုပ်ငန်းထူထောင်နိုင်ရန် လုပ်ငန်းသုံးပစ္စည်းများ သုံးစွဲခွင့် ပေးအပ်မည့် အစီအစဉ်များအား ရှင်းလင်းပြောကြားသည်။ ထို့နောက်ရွှေဘိုခရိုင် ခရိုင်စီမံခန့်ခွဲ ရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ရွှေဘိုခရိုင် ခရိုင်စီမံကိန်းရေးဆွဲရေးဦးစီးဌာန ခရိုင်ဦးစီးမှူးက သင်တန်းတွင် အသုံးပြုမည့်သင်ထောက်ကူပစ္စည်းများနှင့်ကုန်ကြမ်းပစ္စည်းများကို သင်တန်းသားများ ကိုယ်စား သင်တန်းသူတစ်ဦးထံပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

          ယခု ဝင်ငွေတိုးစီမံကိန်းဖြင့် ဖွင့်လှစ်သည့် စက်ချုပ်နည်းပညာသင်တန်းတွင် သင်တန်း သား(၁၂)ဦးအား စက်ချုပ်သင်တန်းသုံးပစ္စည်းများ ကိုင်တွယ်အသုံးပြုပုံ၊ အခြေခံစက်နင်းနည်း၊ ကိုယ်တိုင်းနည်း၊ Pattern ဆွဲနည်း၊ အမျိုးသမီးဝတ်အင်္ကျီအမျိုးမျိုးချုပ်နည်း၊ သင်္ဘောသား အင်္ကျီချုပ်နည်း၊ ဂါဝန်ချုပ်နည်း၊ စကပ်ချုပ်နည်း စသည်တို့ကို (၂၉.၅.၂၀၂၆)ရက်နေ့မှ (၂၇.၆.၂၀၂၆) ရက်နေ့အထိ အခြေခံနှင့် (၃.၇.၂၀၂၆) ရက်နေ့မှ (၁၇.၇.၂၀၂၆) ရက်နေ့အထိ (မွမ်းမံ) သင်တန်းကို စာတွေ့ ၃၀% နှင့် လက်တွေ့ ၇၀% သင်ကြားပေးသွားမည်ဖြစ်ပြီး အမှန်တကယ် ကိုယ်ပိုင်လုပ်ငန်း ထူထောင်မည့် ထူးချွန်သင်တန်းသူ (၅) ဦးအား သတ်မှတ်ချက်များနှင့်အညီ ရွေးချယ်ပြီး ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းသုံးပစ္စည်းများသုံးစွဲခွင့်ပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်