Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

စေတုတ္တရာမြို့နယ် အောက်ပုံကျေးရွာ၌ မြစိမ်း ရောင်ကျေးရွာစီမံကိန်းလုပ်ငန်းများစစ်ဆေး


29 May,2026

စေတုတ္တရာမြို့နယ် အောက်ပုံကျေးရွာ၌ မြစိမ်း ရောင်ကျေးရွာစီမံကိန်းလုပ်ငန်းများစစ်ဆေး
=====================================
စေတုတ္တရာ၊ မေ-၂၉
 
     သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာ န၊ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တ ရာမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦး စီးဌာနမှ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင်အောက်ပုံကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းအတိုး ရရှိငွေမှသုံးစွဲခွင့်ရှိသောငွေဖြင့် ဘက်စုံသုံးခန်းမတည်ဆောက်ခြင်းလုပ်ငန်းဆောင်ရွက်နေမှုအခြေ အနေများကို တာဝန်ရှိသူများမှ (၂၈-၅-၂၀၂၆)ရက်နေ့နံနက်ပိုင်းအချိန်က ကွင်းဆင်းစစ်ဆေးကြကြောင်းသိရသည်။
     ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် စေတုတ္တရာမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနမှ မြို့နယ်ဦးစီးမှူး ဦးသိန်းဇော်ထွန်းနှင့် တာဝန် ခံအင်ဂျင်နီယာဝန်ထမ်းများမှ ကျေးရွာကော်မတီဝင်များနှင့်အတူ အောက်ပုံကျေးရွာ၌ ဘက်စုံသုံးခန်းမတည်ဆောက်ခြင်းလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှ့စစ်‌ဆေးကြပြီးနောက် မြို့နယ်ဦးစီးမှူးက ကျေးရွာတာဝန်ရှိသူများ၊ ကျေး ရွာကော်မတီဝင်များကို သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အချိန်မီပြီးစီးရေးအလေးထားဆောင် ရွက်ကြရန်ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
      စေတုတ္တရာမြို့နယ် အောက်ပုံကျေးရွာ၌ အလျှား ၄၀ ပေ၊ အနံ ၃၀ ပေ၊ အမြင့် ၁၁ ပေရှိသော ဘက်စုံသုံးခန်းမတည်ဆောက်ခြင်းလုပ်ငန်းကို မြ စိမ်းရောင်ကျေးရွာစီမံကိန်းအတိုးရရှိငွေမှသုံးစွဲခွင့် ရှိသောငွေကျပ် ၁၂၀ သိန်း၊ ကျေးရွာပြည်သူလူထု လုပ်အားလှူဒါန်းမှုတို့ဖြင့် မြို့နယ်ကျေးလက်ဒေသဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အင်ဂျင်နီယာဝန် ထမ်းများ၏ နည်းပညာကူညီမှုဖြင့် ကျေးရွာသူကျေးရွာသားများကိုယ်တိုင် မေလ ၁၅ ရက်နေ့မှ စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ယခုအခါ ၆၀ ရာနှုန်း‌ကျော်ဆောင်ရွက်ပြီးစီးနေပြီဖြစ် ကြောင်း၊ အဆိုပါလုပ်ငန်းများအားလုံးရာနှုန်း ပြည့်ဆောင်ရွက်ပြီးစီးပါက အောက်ပုံကျေးရွာရှိ အိမ်ခြေ ၁၆၂ အိမ်မှ လူဦးရေ ၆၁၉ ဦးတို့၏ ပညာ ရေး၊ ကျန်းမာရေ၊ လူမှုရေးနှင့် ဘာသာရေးကိစ္စရပ်များအတွက် အသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်