Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မင်းဘူးမြို့နယ် ကုန်းတန်း ကျေးရွာ၌ ရက် ၁၀၀ စီမံချက်ဖြင့် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှု စစ်ဆေး


31 May,2026

မင်းဘူးမြို့နယ် ကုန်းတန်း  ကျေးရွာ၌  ရက် ၁၀၀ စီမံချက်ဖြင့် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှု စစ်ဆေး

‎မင်းဘူး မေ ၃၁

‎           သမဝါယမ နှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ၊ မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် မင်းဘူး မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍  ၂၀၂၆-၂၀၂၇ ခု ဘဏ္ဍာရေးနှစ်  ရက် ၁၀၀ စီမံချက်ဖြင့်  ကုန်းတန်း  ကျေးရွာတွင် ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို မေလ ၃၀ ရက်နေ့ နံနက်ပိုင်းက ခရိုင်ဦးစီးမှူး ဦးခင်မောင်ကျော် နှင့် တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး ခဲ့ကြောင်း သိရသည်။

‎            ထိုသို့ ကွင်းဆင်းရာတွင် မင်းဘူးခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးခင်မောင်ကျော် ၊ မင်းဘူး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်မင်းထွန်း  နှင့် ခရိုင်၊  မြို့နယ် တာဝန်ခံ အင်ဂျင်နီယာတို့က ကျေးရွာဖွံ့ဖြိုးရေး ကော်မတီဝင်များနှင့်အတူ ကုန်းတန်း ကျေးရွာ၌  ရက် ၁၀၀ စီမံချက် ဖြင့် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက် နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ခရိုင်ဦးစီးမှူး ဦးခင်မောင်ကျော် က သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အရည်အသွေးပြည့်မီစေရေး စနစ်တကျ ဆောင်ရွက်ရန် မှာကြားခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ခဲ့ကြောင်း သိရသည်။

‎            ကုန်းတန်း ကျေးရွာ၌  ရက် ၁၀၀ စီမံချက်ဖြင့်  အရှည်ပေ ၃၅၀ ၊ အကျယ် ၁၂ ပေ၊ ထု ၆ လက်မ  ကွန်ကရစ်လမ်း ခင်းခြင်းလုပ်ငန်းကို VDP စီမံကိန်း ပံ့ပိုးငွေကျပ် သိန်း ၁၅၀ နှင့် ပြည်သူထည့်ဝင်ငွေ ကျပ်  ၆၀  သိန်း ၊ စုစုပေါင်းငွေကျပ်  ၂၁၀ သိန်း ဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ နည်းပညာ ပံ့ပိုးမှု၊ အနီးကပ်ကြီးကြပ်မှုဖြင့် ကျေးရွာသူ၊ကျေးရွာသားများကိုယ်တိုင်  ယခုနှစ် မေလ  ၁၅  ရက်နေ့ က  စတင် ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းဆောင်ရွက်မှု မှာ ၆၀  ရာခိုင်နှုန်း  ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း မင်းဘူး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်မင်းထွန်း ထံမှ သိရသည်။

‎ဇင်မာ


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်